ကလော့ပ်၏နေရာကို အစားထိုးရသည်မှာ မလွယ်ကူနိုင်ကြောင်း မက်အယ်လစ္စတာ ဝန်ခံ

ကလော့ပ်၏နေရာကို အစားထိုးရသည်မှာ မလွယ်ကူနိုင်ကြောင်း မက်အယ်လစ္စတာ ဝန်ခံ
Photo : X
Photo : X
Published 1 August 2024

လီဗာပူးလ်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာက နာမည်ကျော်နည်းပြ ယာဂန်ကလော့ပ်၏နေရာကို အစားထိုးရသည်မှာ မလွယ်ကူနိုင်ကြောင်းနှင့် နည်းပြသစ် ဆလော့အနေဖြင့် ရာသီသစ်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းကို (၉)နှစ်နီးပါးကိုင်တွယ်ခဲ့ပြီး ဆုဖလားများရယူပေးခဲ့သည့် ကလော့ပ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲသွားခဲ့သည်။

လီဗာပူးလ်အသင်းသည် ကလော့ပ်၏နေရာတွင် ဖီယင်နုနည်းပြ အာနယ်ဆလော့အား လျော်ကြေးပေးခေါ်ယူကာ အစားထိုးခန့်အပ်ခဲ့သည်။

မက်အယ်လစ္စတာက ကလော့ပ်၏နေရာကို အစားဝင်ရသည်မှာ ဆလော့အတွက် လွယ်ကူမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကလော့ပ်လိုလူမျိုးရဲ့နေရာမှာ အစားထိုးဖို့ မလွယ်ပါဘူး။ ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို (၉)နှစ်နီးပါး ကိုင်တွယ်ခဲ့ပြီး အခုဆို အသင်းရဲ့ဂန္ထဝင်ဖြစ်သွားပါပြီ။ ကလော့ပ်ရဲ့ နှုတ်ဆက်ပုံကတော့ အရမ်းမိုက်ပါတယ်။ သူဟာ လီဗာပူးလ်နည်းပြဘ၀ နောက်ဆုံးပွဲမှာ သူ့နေရာကို ဆက်ခံမယ့် နည်းပြသစ်အတွက် သီချင်းတောင် လုပ်ဆိုပေးခဲ့တယ်။ ဒါကို ဆလော့ နှစ်သက်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဆလော့အနေနဲ့ ရာသီသစ်မှာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပေမဲ့ ကျွန်တော်တို့ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent