စီးရီးအေရဲ့  ပဲ့ကိုင်ရှင်မုန်တိုင်း

စီးရီးအေရဲ့  ပဲ့ကိုင်ရှင်မုန်တိုင်း
Photo : Napoli
Photo : Napoli
Published 17 June 2024
Phoe Thar

ဒီဘက်နောက်ပိုင်းရာသီတွေမှာ အီတလီစီးရီးအေပြိုင်ပွဲရဲ့ ကဏ္ဍပေါင်းစုံအပြောင်းအလဲတွေက ဘောလုံးပရိသတ်တွေရဲ့ စိတ်အာရုံကိုပြန်လည်ဖမ်းစားနိုင်ခဲ့တယ်။ အထူးသဖြင့် ဥရောပအဆင့်ပြိုင်ပွဲတွေမှာ အီတလီစီးရီးအေကလပ် အသင်းတွေအသိအမှတ်ပြုစရာ အဆင့်အတန်းတစ်ခုအထိ ပြန်လည်စွမ်းဆောင်လာနိုင်တာ၊ စကူဒက်တိုအပါအဝင် ပြည်တွင်းဆုဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုပိုမိုပြင်း ထန်လာတာ၊ ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားတွေ၊ လူငယ်ကြယ်ပွင့်ကစားသမားတွေနဲ့ အရောင်အသွေးစုံလင်လာတာ၊ ထိပ်တန်းနည်းပြတွေရဲ့ နည်းဗျူဟာအားပြိုင်မှုတွေကို မြင်တွေ့ လာရတာတွေက ဆယ်စုနှစ်တစ်ခုကျော်ကြာပုံရိပ် မှေးမှိန်ခဲ့ရတဲ့ စီးရီးအေပြိုင်ပွဲကို တစ်ကျော့ပြန် အရောင်လက်စေခဲ့တယ်။

 

Most Read

Most Recent