ရိုးမားတိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူရန် အေစီမီလန် စိတ်ဝင်စား

ရိုးမားတိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူရန် အေစီမီလန် စိတ်ဝင်စား
Photo : Getty Images
Photo : Getty Images
Published 1 August 2024

စီးရီးအေထိပ်သီး အေစီမီလန်အသင်းသည် ရိုးမားအသင်း၏ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

အေဘရာဟမ်သည် မော်ရင်ဟိုလက်ထက်တွင် အဓိကတိုက်စစ်မှူးအဖြစ် ကစားခဲ့ရသော်လည်း ရိုးမားအသင်းသို့ နည်းပြ ဒီရော့ဆီရောက်ရှိလာပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ရာသီအတွင်း ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ပွဲသာ ကစားခွင့်ရရှိခဲ့သည့် အေဘရာဟမ်ကို ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် အဲဗာတန်နှင့် ဝက်စ်ဟမ်းအသင်းတို့ကလည်း ပစ်မှတ်ထားနေကြကြောင်း သိရှိရသည်။

အေစီမီလန်အသင်းသည် အသင်းမှ ထွက်ခွာသွားသည့် ဝါရင့်တိုက်စစ်မှူး ဂျရူး၏နေရာ၌ တိုက်ရိုက်အစားထိုးရန်အတွက် အေဘရာဟမ်အား ခေါ်ယူလိုနေခြင်းဖြစ်သည်။

ရိုးမားအသင်းသည် ၎င်းတို့ တိုက်စစ်ကစားသမားအတွက် ယူရို(၁၇)သန်းခန့်အလိုရှိနေကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent