■ အန်ဇိုဖာနန်ဒက်ဇ်နှင့် မူဒရစ်တို့ကို အိုလံပစ်အတွက် ချယ်လ်ဆီး ယှဉ်ပြိုင်ခွင့်မပြု     

■ အန်ဇိုဖာနန်ဒက်ဇ်နှင့် မူဒရစ်တို့ကို အိုလံပစ်အတွက် ချယ်လ်ဆီး ယှဉ်ပြိုင်ခွင့်မပြု     
Published 7 June 2024

ချယ်လ်ဆီးအသင်းသည် အာဂျင်တီးနားကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်နှင့် ယူကရိန်းတောင်ပံကစားသမား မူဒရစ်တို့ကို လာမည့် ပါရီအိုလံပစ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်ခွင့်မပြုရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ 

၂၀၂၄ ပါရီအိုလံပစ်ဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားနှင့် ယူကရိန်းတို့မှာ တစ်အုပ်စုထဲတွင် ကျရောက်နေပြီး သက်ဆိုင်ရာနည်းပြများက အန်ဇိုနှင့် မူဒရစ်တို့ကို ရွေးချယ်ရန် ဆန္ဒရှိနေကြသည်။ 

သို့သော် အန်ဇိုက ကိုပါအမေရိကပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မူဒရစ်မှာလည်း ယူရို-၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အိုလံပစ်ပြိုင်ပွဲအတွက် ထပ်မံစေလွှတ်ခြင်းမပြုရန် ချယ်လ်ဆီးအသင်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent