■ ဖီအိုရင်တီးနားအသင်း ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲသို့ (၂)နှစ်ဆက်တက်ရောက်ပြီး အီတလီကလပ်အသင်းများ (၃)ကြိမ်စလုံး တက်ခွင့်ရထား     

■ ဖီအိုရင်တီးနားအသင်း ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲသို့ (၂)နှစ်ဆက်တက်ရောက်ပြီး အီတလီကလပ်အသင်းများ (၃)ကြိမ်စလုံး တက်ခွင့်ရထား     
Photo: Getty Images
Photo: Getty Images
Published 10 May 2024

ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲသို့ ဖီအိုရင်တီးနားအ သင်း (၂)နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပြီး အီတလီကလပ်အသင်းများအနေဖြင့် ပြိုင်ပွဲကျင်းပသည့် (၃)ကြိမ်စလုံး ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရထားကြောင်း သိရသည်။

    

မေ (၈) ရက်ကကျင်းပသည့် ဆီမီးဖိုင်နယ်ဒုတိယအကျော့ ပထမနေ့ပွဲစဉ်တွင် ကလပ်ဘရုဂေးအသင်းနှင့် ဖီအိုရင်တီးနားအသင်း တစ်ဂိုးစီသရေကျခဲ့သည်။ မိနစ် (၂၀)တွင် အိမ်ရှင်ကလပ်ဘရုဂေးအသင်း ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ဖီအိုရင်တီးနားအသင်းအတွက် ချေပဂိုး ကို (၈၅)မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဘယ်လ်ထရန်က သွင်းယူပေးခဲ့သည်။ 

ပထမအကျော့တွင် ဖီအိုရင်တီးနားအသင်းက အိမ်ကွင်း၌ (၃-၂) ဂိုးဖြင့် အနိုင်ရထားသောကြောင့် နှစ်ကျော့ပေါင်းရလဒ် (၄-၃)ဂိုးဖြင့် ဗိုလ်လုပွဲတက်ရောက် နိုင်ခဲ့သည်။

    

ဖီအိုရင်တီးနားအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ရာသီတွင်လည်း ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး (၂)နှစ် ဆက်တိုက် တက်ရောက်နိုင်ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့်နှစ် ဗိုလ်လုပွဲတွင် ဝက်စ်ဟမ်းအသင်းက ဖီအိုရင်တီးနားအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဖီအိုရင်တီးနားအသင်း အနေဖြင့် အသင်းသမိုင်းတစ်လျှောက် ဥရောပကလပ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ (၆)ကြိမ်မြောက် တက်ရောက်ခြင်းဖြစ်ပြီး နှစ်ကြိမ်ဆက်တက်ရောက်နိုင်ခြင်းမှာ ၁၉၆၀-၁၉၆၁၊ ၁၉၆၁-၁၉၆၂ နှစ်ရာသီဆက်တိုက် ဥရောပ Cup Winner's Cup ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

    

ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲကို တတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ရိုးမားအသင်းဗိုလ်စွဲကာ ဒုတိယနှင့် တတိယအကြိမ်တွင် ဖီအိုရင်တီးနားအသင်းက ဗိုလ်လုပွဲ တက်ရောက်ခွင့်ရထားခြင်းဖြစ်သည်။ 

ယခုရာသီ ဗိုလ်လုပွဲကို မေ (၂၉) ရက်တွင် ဂရိနိုင်ငံ၊ အေသင်မြို့ရှိ Agia Sophia Stadium ကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent