■ RFEF ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် တရားရင်ဆိုင်ရမည်     

■ RFEF ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် တရားရင်ဆိုင်ရမည်     
Photo: Daily Mail
Photo: Daily Mail
Published 10 May 2024

စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌဟောင်း လူးဝစ်ရူဘီ ယာလက်စ်အနေဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် တရားရင်ဆိုင်ရ မည်ဖြစ်ကြောင်း စပိန်တရားရုံးချုပ် တရားသူကြီးတစ်ဦးက မေ (၈) ရက်တွင် ပြောကြားခဲ့သည်။

    

ရူဘီယာလက်စ်သည် ပြီးခဲ့ သည့်နှစ် သြဂုတ် (၂၀)ရက်က အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးတွင် စပိန်အမျိုးသမီးအသင်း တိုက်စစ် ကစားသမား ဂျန်နီအာမိုဆိုကို နှုတ်ခမ်းချင်းနမ်းခဲ့သည်။ 

ပြိုင်ပွဲစင်မြင့် ထက်တွင် ကစားသမားများ ဆုတံဆိပ်ပေးနေစဉ် ပြုလုပ်ခဲ့သည့်လုပ်ရပ် အား တစ်ကမ္ဘာလုံးက ပရိသတ်များလည်း မြင်တွေ့ခဲ့ရသည်။ 

    

၎င်းအနေဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အကျပ်ကိုင်မှုစွဲချက် တစ်ခုစီရင်ဆိုင်နေရပြီး ထောင်ဒဏ် တစ်နှစ်နှင့် တစ်နှစ်ခွဲချမှတ်ရန် အစိုးရ ရှေ့နေက တောင်းဆိုထားသည်။ 

ယင်းဖြစ်ရပ်မှာ စပိန်နိုင်ငံပြင်ပ၌ ဖြစ်ပွားခဲ့ သောကြောင့် တရားရုံးချုပ်က ကိုင် တွယ်ဖြေရှင်းရခြင်းဖြစ်ပြီး ကြားနာ စစ်ဆေးမှုများ စတင်ပြုလုပ်မည့်ရက် ကိုမူ မသတ်မှတ်ရသေးကြောင်း သိရှိ ရသည်။ 

Most Read

Most Recent