Bild အယ်ဒီတာဟောင်းကို ရူဒီဂါနှင့် DFB တရားစွဲဆို

Bild အယ်ဒီတာဟောင်းကို ရူဒီဂါနှင့် DFB တရားစွဲဆို
Photo: Marca
Photo: Marca
Published 28 March 2024

ဂျာမနီလက်ရွေးစင်နောက်ခံလူ ရူဒီဂါနှင့် ဂျာမန်ဘောလုံးအဖွဲ့ချုပ်(DFB) သည် မဟုတ်မမှန်သတင်းလွှင့်ခဲ့သည့် ဂျာမန်မီဒီယာ Bild အယ်ဒီတာဟောင်း ယူလီယန်ဟိုင်ချက်ကို တရားစွဲဆိုခဲ့သည်။

မွတ်ဆလင်မ်ဘာသာဝင်တစ်ဦး ဖြစ်သည့် ရူဒီဂါသည် ယခုလအစောပိုင်းက ရာမာဒန် ဥပုသ်ကာလအစတွင် ဘာသာရေးဝတ်စုံဖြင့် လက်ညှိုးထောင်ထားသည့်ပုံကို Instagram တွင် တင်ခဲ့ရာ ဟိုင်ချက်က ရူဒီဂါ၏လက်ညှိုးထောင်မှုသည် ISIS သင်္ကေတဖြစ်ပြီး အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်နွယ်မှုရှိကြောင်း Twitter တွင် ရေးသားခဲ့သည်။ 

ထို့ကြောင့် ရူဒီဂါ နှင့် DFB တို့က ဟိုင်ချက်ကို တရားစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent