ဥက္ကဋ္ဌ လာပေါ်တာ၊ ဘုတ်အဖွဲ့၊ကစားသမားနှင့် ပရိသတ်များ၏အားပေးမှုကြောင့် ဆုံးဖြတ်ချက်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဇာဗီ ဆို

ဥက္ကဋ္ဌ လာပေါ်တာ၊ ဘုတ်အဖွဲ့၊ကစားသမားနှင့် ပရိသတ်များ၏အားပေးမှုကြောင့် ဆုံးဖြတ်ချက်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဇာဗီ ဆို
Photo: Getty Images
Photo: Getty Images
Published 27 April 2024

 

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ဥက္ကဋ္ဌ လာပေါ်တာ၊ ဘုတ်အဖွဲ့၊ ကစားသမား နှင့် ပရိသတ်များ၏ အားပေးမှုကြောင့် ဆုံးဖြတ်ချက်ပြင်ဆင်၍ အသင်း၌ ဆက်နေခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဇာဗီသည် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးပြီးနောက် လပိုင်းအကြာမှာပင်  ယခုရာသီကုန်တွင် လမ်းခွဲမည်ဖြစ်ကြောင်း ဇန်နဝါရီလအတွင်း ကြေညာခဲ့သည်။ သို့ သော် ၎င်းအနေဖြင့် ဥက္ကဋ္ဌ လာပေါ်တာအပါ အဝင် ဘုတ်အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး ပြီးနောက် စာချုပ်ကုန်ဆုံးချိန်အထိ ဆက်နေရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဧပြီ ၂၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ပြင်ဆင်ပြောကြားခဲ့သည်။

"ကျွန်တော်က ဘာကာကို ချစ်ပါတယ်။ အသင်းရဲ့ အကျိုးစီးပွားကို အကောင်းဆုံးဖြစ်စေဖို့ပဲ ကျွန်တော် အမြဲကြိုးစားပါတယ်။ ဒီ သုံးလအတွင်းမှာ ဥက္ကဋ္ဌ (လာပေါ်တာ)၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေနဲ့ ဒေကို (အား ကစားဒါရိုက်တာ)၊ ကစားသမားတွေနဲ့ ပရိ သတ်တွေရဲ့ အားပေးထောက်ခံမှုကို ကျွန်တော် သတိထားမိပါတယ်။ ပရိသတ်တွေက ကွင်းလုံးပြည့်ရော လမ်းမပေါ်မှာပါ ကျွန်တော့်ကို အားပေးခဲ့ကြတာပါ။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲပြင်ဆင်ဖို့ ဆုံးဖြတ်တဲ့နေရာမှာ အဲဒါတွေက အရေးပါပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ဆုဖလားတစ်လုံးမှ ရယူနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက အောင်မြင်တဲ့ ပရောဂျက်တစ်ခုပါ။ အဲဒါကို ကျွန်တော်တို့ ဆက်လုပ်ရမှာပါ။ ဆက်လျှောက်ဖို့အတွက် တွန်းအား၊ ခွန်အားနဲ့ လူစာရင်း ကျွန်တော်တို့မှာရှိတယ်လို့ ခံစားရပါတယ်" ဟု ဇာဗီက ပြောကြားခဲ့သည်။

Most Read

Most Recent