စီးရီးအေ နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

စီးရီးအေ နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 29 April 2024

ဂျီနိုအာ နှင့် ကာဂလီယာရီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ခြေစွမ်းကွာဟချက်မရှိတဲ့ အသင်းတွေ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်ပြီး လက်ရှိရလဒ်ပိုင်းလည်း ကွာခြားမှုမရှိဘူး။ ဒါပေမဲ့ အိမ်ရှင်အားသာချက်ရှိတဲ့ ဂျီရိုနာကို ကြိုက်တယ်။ ဂိုးနည်းနိုင်တယ်။

ဘာစီလိုနာ နှင့် ဗလင်စီယာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

ဆုဖလားလက်မဲ့ရာသီဖြစ်ဖို့သေချာနေတဲ့ ဘာစီလိုနာအတွက်ကတော့ လက်ရှိအဆင့် (၂)နေရာတည်မြဲနိုင်ရေးကိုပဲ အားစိုက်ရတော့မယ်။ အသင်းကလည်း ဖိအားတွေလျော့သွားပြီဖြစ်လို့ လက်ကျန်ပွဲတွေကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပဲ ကစားလာဖို့များနေပြီး လူငယ်၊ လူသစ်တွေကိုလည်း ပိုပွဲထုတ်လာနိုင်တယ်။ ဗလင်စီယာကလည်း ဒီရာသီမှာ ကစားပုံတက်လာတယ်ဆိုပေမယ့် အဝေးကွင်းမှာတော့ သိပ်အားရစရာ မရှိလှသေးဘူး။ အဝေးကွင်းတိုက်စစ်ပျော့ပြီး ခံစစ်ကိုပဲအားပြုနေရလို့ ဒီပွဲလည်း ဘာစီလိုနာတိုက်စစ်ကို ဘယ်လောက်အထိ တောင့်ခံထားနိုင်မလဲပဲစောင့်ကြည့်ရမလိုဖြစ်နေတယ်။ ဒါပေမဲ့ အိမ်ရှင်လည်းဖြစ်သလို ချန်ပီယံလိဂ်နဲ့ El Clasico (၂)ပွဲ ဆက်ရှုံးနိမ့်ထားလို့ ဖိအားများသလိုဖြစ်နေတဲ့ ဘာစီလိုနာနဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။

Most Read

Most Recent