အန်ဆယ်လော့တီနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၆ ခုနှစ်တွင် အစားထိုးရန် အသင့်တော်ဆုံးနည်းပြအဖြစ် အလွန်ဆိုကို ရီးယဲလ်ခေါ်ယူလို

အန်ဆယ်လော့တီနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၆ ခုနှစ်တွင် အစားထိုးရန် အသင့်တော်ဆုံးနည်းပြအဖြစ် အလွန်ဆိုကို ရီးယဲလ်ခေါ်ယူလို
Photo: X
Photo: X
Published 1 April 2024

လာလီဂါထိပ်တန်းကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် လေဗာကူဆင်အသင်းနှင့်အတူ စွမ်းဆောင်ရည်ကောင်းများ ပြသနေသည့် လူငယ်နည်းပြ ဇာဘီအလွန်ဆိုအား လက်ရှိအသင်းနည်းပြ အန်ဆယ်လော့တီ၏ စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၆ ခုနှစ်တွင် အစားထိုးရန် စီစဉ်နေသည် ဟု သိရှိရသည်။

ဖလော်ရင်တီနိုပီရက်ဇ်အပါအဝင် ရီးယဲလ်မက်ဒရစ်အသင်းဘုတ်အဖွဲ့ဝင်များသည် အလွန်ဆိုအား အန်ဆယ်လော့တီနေရာ အစားထိုးရန် အသင့်တော်ဆုံးနည်းပြအဖြစ် ရှုမြင်နေကြပြီး လက်ရှိအချိန်တွင်မူ အပြောင်းအလဲပြုလုပ်ရန် စိတ်မဝင်စားကြသေးချေ။

ဇာဘီအလွန်ဆိုသည် ယခုရာသီတွင် လေဗာကူဆင်အသင်းအား  အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံး ဘွန်ဒစ်လီဂါချန်ပီယံဆုကို ရယူနိုင်ရန် သေချာသလောက်ရှိသည့် အနေအထားအထိ ဦးဆောင်ထားနိုင်ပြီး ၎င်းအား ဥရောပထိပ်တန်းအသင်းကြီးများကလည်း စိတ်ဝင်စားလျက်ရှိနေသည်။

လက်ရှိအချိန်တွင်  အလွန်ဆို ကစားခဲ့ဖူးသည့် အသင်းကြီး (၃) သင်းဖြစ်သည့် လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ် (၃)သင်းစလုံးက အလွန်ဆိုကို နည်းပြရာထူးအတွက် ပြန်လည်ခေါ်ယူလိုနေကြပြီး အလွန်ဆိုကမူ လေဗာကူဆင်တွင် ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။ 

Most Read

Most Recent