မိမိတို့၏ လက်ရှိခြေစွမ်းမှာ အုပ်စုအဆင့်ကထက် ပိုကောင်းနေပြီဟု ဒေါ့မွန်နည်းပြ တာဇစ် ပြောကြား

မိမိတို့၏ လက်ရှိခြေစွမ်းမှာ အုပ်စုအဆင့်ကထက် ပိုကောင်းနေပြီဟု ဒေါ့မွန်နည်းပြ တာဇစ် ပြောကြား
Photo: Eurosport
Photo: Eurosport
Published 1 May 2024

 

ဒေါ့မွန်အသင်း၏နည်းပြ တာဇစ်က မိမိတို့၏ လက်ရှိခြေစွမ်းမှာ အုပ်စုအဆင့်ကထက် ပိုကောင်းနေပြီဟု ပြောကြားခဲ့သည်။ 

ဒေါ့မွန်အသင်းသည် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ဆုံတွေ့ခဲ့ရသော PSG အသင်းနှင့် ဆီမီးဖိုင်နယ်အဆင့်တွင် ပြန်လည်ဆုံတွေ့နေသည့်အတွက် တာဇစ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ 

အုပ်စုအဆင့်တွင် ဒေါ့မွန်အသင်းက PSG အသင်းအား အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်း၌ သရေကျခဲ့သည်။ "သူတို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ပထမပွဲမှာ ကျွန်တော်တို့ မကောင်းခဲ့ပါဘူး။ ဒုတိယပွဲမှာ ပိုကောင်းလာခဲ့ပြီး အနိုင်ရလုနီးပါးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိခြေစွမ်းက အုပ်စုတုန်းက သူတို့နဲ့ ဆုံတွေ့ခဲ့တုန်းကထက် ပိုကောင်းနေတယ်လို့ ထင်ပါတယ်"ဟု တာဇစ်က ပြောကြားခဲ့သည်။

Most Read

Most Recent