အာနီဆလော့အကြောင်းကိုအလွန်သိချင်နေကြောင်း ဂက်ပို ဝန်ခံ

အာနီဆလော့အကြောင်းကိုအလွန်သိချင်နေကြောင်း ဂက်ပို ဝန်ခံ
Photo: Liverpool FC
Photo: Liverpool FC
Published 9 May 2024

လီဗာပူးလ်တိုက်စစ်ကစားသမား ဂက်ပိုက အသင်းနည်းပြ ကလော့ပ်၏ နေရာကို ဆက်ခံမည့် အာနီဆလော့အကြောင်း အလွန်သိချင်နေကြောင်း ဝန်ခံပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲမည့် နည်းပြ ကလော့ပ်၏နေရာတွင် ဖီယင်နုနည်းပြ အာနီဆလော့အား ခန့်အပ်ရန် သဘောတူညီမှုရခဲ့ပြီဖြစ်ပြီး အတည်ပြုကြေညာရန်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

ဂက်ပိုက ''ဆလော့နဲ့ တစ်ခါမှ အလုပ်တွဲမလုပ်ဖူးပါဘူး။ အယ်လ်ခမာနဲ့ ဖီယင်နုမှာ သူလုပ်ခဲ့တာတွေက သူဟာ နည်းပြကောင်းတစ်ဦးဆိုတာကို ပြနေပါတယ်။ ကျွန်တော့်ကတော့ သူ့ကို အရမ်းသိချင်နေပါပြီ။ အသင်းကစားသမားတွေလည်း အဲဒီလိုပဲ ဖြစ်မယ်ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent