ဘာစီလိုနာကို ရင်ဆိုင်ရန် အသင့်ဖြစ်ပြီဟု အန်နရီကေး ဆို

ဘာစီလိုနာကို ရင်ဆိုင်ရန် အသင့်ဖြစ်ပြီဟု အန်နရီကေး ဆို
Photo: X
Photo: X
Published 5 April 2024

PSG အသင်း၏နည်းပြ အန်နရီကေးက ဘာစီလိုနာအသင်းနှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

''ကျွန်တော့်အသင်းကို အလွန်ထူးခြားတဲ့ စရိုက်လက္ခဏာနဲ့အတူ မြင်တွေ့ချင်ပါတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး လက်ရှိအချိန်မှာ ယှဉ်ပြိုင်ဖို့ ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ အလွန်ထူးခြားတဲ့ ပွဲတစ်ပွဲ စောင့်ကြိုနေပါပြီ''ဟု အန်နရီကေးက ဆိုခဲ့သည်။

အန်နရီကေးသည် ဘာစီလိုနာအသင်း၏နည်းပြဟောင်းဖြစ်ပြီး ဖလားသုံးလုံးအောင်ပွဲ ရယူပေးနိုင်ခဲ့သူလည်းဖြစ်သည်။

Most Read

Most Recent