စိုးမိုးကျော်၏ ဖနွမ်းပင်ခရောင်းအသင်း ဟွန်ဆန်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှုံးနိမ့်

စိုးမိုးကျော်၏ ဖနွမ်းပင်ခရောင်းအသင်း ဟွန်ဆန်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှုံးနိမ့်
Photo: PPCFC
Photo: PPCFC
Published 29 April 2024

 မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော်၏ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းသည် ၂၀၂၃-၂၀၂၄ ရာသီ ဟွန်ဆန်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီး ချန်ပီယံဆုဖလားကို လက်လွှတ်ခဲ့ရကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ရာသီ ဟွန်ဆန်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ဧပြီ (၂၈) ရက်က ကျင်းပပြုလုပ်ခဲ့ရာ စိုးမိုးကျော်၏ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းမှာ ဆဗေးရိန်းအသင်း(PKRSR) ကို(၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် စိုးမိုးကျော်မှာ ဖနွမ်းပင်ခရောင်းအသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သော်လည်း ချန်ပီယံဆုဖလားနှင့် လွဲချော်ခဲ့ရသည်။

စိုးမိုးကျော်၏ ဖနွမ်းပင်ခရောင်းအသင်းသည် ၂၀၂၃-၂၀၂၄ ရာသီ ဟွန်ဆန်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဗီဆာခအသင်းကို ပထမအကျော့ အဝေးကွင်းတွင် (၂-၂)ဂိုးဖြင့် သရေကျခဲ့သော်လည်း ဒုတိယအကျော့ အိမ်ကွင်းတွင် (၄-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

စိုးမိုးကျော်၏ ဖနွမ်းပင်ခရောင်းအသင်းသည် ရှုံးထွက်ပြိုင်ပွဲဖြစ်သည့် ဟွန်ဆန်ဖလားကို လက်လွှတ်ခဲ့ရသော်လည်း ယခုရာသီ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားအတွက် မျှော်လင်ချက်ရှိသေးပြီး လက်ကျန်ပွဲများ ကစားရမည်ဖြစ်သည်။

 

Most Read

Most Recent