ကျောက်ဆည်မြို့တွင် နှစ်ပေါင်း ၂၅ နှစ်အတွင်းနှင့် ဟဲဟိုးမြို့၌ နှစ်ပေါင်း ၄၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်

ကျောက်ဆည်မြို့တွင် နှစ်ပေါင်း ၂၅ နှစ်အတွင်းနှင့် ဟဲဟိုးမြို့၌ နှစ်ပေါင်း ၄၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်
Published 17 May 2024

    ကျောက်ဆည်မြို့တွင် နှစ်ပေါင်း ၂၅ နှစ် အတွင်းနှင့် ဟဲဟိုးမြို့၌ နှစ်ပေါင်း ၄၅ နှစ်အ တွင်း မေ ၁၅ ရက်က အမြင့်ဆုံးအပူချိန် စံချိန် သစ်တင်ခဲ့ကြောင်း  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    ထုတ်ပြန်ချက်အရ ကျောက်ဆည်မြို့တွင် နှစ်ပေါင်း ၂၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၃ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၃ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်အဖြစ်လည်းကောင်း၊ ဟဲဟိုးမြို့ တွင် နှစ်ပေါင်း ၄၅ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၇ ဒသမ ၅ ဒီဂရီဆဲလ်စီး ယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အဖြစ် စံချိန်သစ်တင်ခဲ့ ကြောင်း သိရသည်။

    မေ ၁၅ ရက်က နေ့အပူချိန်များအနေဖြင့် ကချင်ပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန် ထက် ခုနစ်ဒီဂရီဆဲလ်စီးယပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှ အပူချိန်တို့ထက် ၅ ဒီဂရီဆဲလ်စီးယပ်မှ ၆ ဒီဂရီ ဆဲလ်စီးယပ်အထိ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင် ပိုင်း) နှင့် ရခိုင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် သုံးဒီဂရီဆဲလ်စီးယပ်မှ လေးဒီဂရီဆဲလ်စီးယပ်အထိနှင့် ချင်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှ အပူချိန်တို့ထက် နှစ်ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ ကြောင်း သိရသည်။

    အလားတူ ထူးခြားသည့် နေ့အပူချိန်များ အနေဖြင့် ချောက်မြို့တွင် ၄၅ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်၊ မကွေးမြို့တွင် ၄၄ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်၊ တောင်တွင်းကြီးမြို့တွင် ၄၄ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦး (လေ ကြောင်းမိုးလေဝသ)၊ မင်းဘူးမြို့နှင့် အောင်လံ မြို့တို့တွင် ၄၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စီ၊ မြင်းခြံမြို့တွင် ၄၄ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ် နှင့် ရွှေဘိုမြို့၊ မြင်းမူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်စီတို့ဖြစ်ကြကြောင်း  သိရသည်။



 

Most Read

Most Recent