မန္တလေးမြို့အခြေပြု ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များ ရပ်နားထားကြောင်း လူမှုကွန်ရက်တွင်ထွက်ပေါ်နေသော သတင်းများမှန်ကန်မှုမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲနေကြောင်း ပြည်တွင်းလေကြောင်းလိုင်းတာဝန်ရှိသူများပြောကြား

မန္တလေးမြို့အခြေပြု ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များ ရပ်နားထားကြောင်း လူမှုကွန်ရက်တွင်ထွက်ပေါ်နေသော သတင်းများမှန်ကန်မှုမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲနေကြောင်း ပြည်တွင်းလေကြောင်းလိုင်းတာဝန်ရှိသူများပြောကြား
Published 9 August 2024

မန္တလေးမြို့အခြေပြု ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များ ရပ်နားထားကြောင်းလူမှုကွန်ရက်တွင် ထွက်ပေါ်နေသော သတင်းများမှန်ကန်မှုမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲနေကြောင်း ပြည်တွင်းလေကြောင်းလိုင်း တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးသို့ထွက်ခွာမည့်  လေကြောင်းခရီးစဉ်နှင့် မန္တလေးမြို့မှထွက်ခွာမည့် လေကြောင်းခရီးစဉ်များအား ယခုသတင်းပတ်အတွင်းဖျက်သိမ်းထားကြောင်း ကောလာဟလသတင်းများ ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အခြေပြုကာ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Myanmar Airways International ၊ Mingalar ၊ Air Thanlwin နှင့် Mann Yadanarpon Arilines  ပြည်တွင်းလေကြောင်း လိုင်းငါး ခုက လေကြောင်းခရီးစဉ်များအား ပုံမှန်ပျံသန်းနေခြင်းဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီအီးအိုဖြစ်သူ Captain ခုပ်ခန့်မုံက“ ကျွန်တော်တို့မြန်မာအမျိုးသားလေကြောင်းလိုင်းက ATR လေယာဉ်နှစ်စင်းကို မန္တလေးမြို့မှာ ညအိပ်ရပ်နားပြီး မန္တလေးအခြေပြုပြည်တွင်းလေကြောင်းခရီးစဉ်များကို ပုံမှန်ပျံသန်းနေပါတယ်။ လတ်တလောမှာခရီးစဉ်တွေကို ရပ်နားတာမျိုး၊ ဖျက်သိမ်းတာမျိုး တစ်ခုမှမရှိဘဲ ပုံမှန်ပျံသန်းနေပါတယ်”ဟု သြဂုတ် ၉ ရက် ည ၈နာရီခန့် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

မန္တလေးမြို့အခြေပြုကာ ပြည်တွင်းရှိမြို့ ကြီးရှစ်မြို့သို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေသည့် Myanmar Airways International နှင့် Mingalar  လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက “ ခုလတ်တလောမှာတော့ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောင်းလဲမှုမရှိပါဘူး။ ပုံမှန် schedule အတိုင်းပဲပျံသန်းနေပါ တယ်။ အပြောင်းလဲတစ်ခုခုရှိတာနဲ့ ကျွန်မတို့လေကြောင်းလိုင်း official page နဲ့ media channels တွေကနေ အသိပေးချက်တွေ အချိန်နဲ့ တစ်ပြေးညီထုတ် ပြန်သွားမှာပါ။ Myanmar Airways International နဲ့ Mingalar  လေကြောင်းလိုင်းက ရန်ကုန်-မန္တလေး လေကြောင်း ခရီးစဉ်ကို နေ့စဉ် နှစ်ကြိမ်နဲ့ မန္တလေးအခြေပြုပြီး မြို့ ကြီးရှစ်မြို့ကိုပျံသန်းနေတာဖြစ်ပါတယ်” The Daily Eleven သတင်းစာသို့ သြဂုတ် ၉ ရက် ည ၈ နာရီခန့်က ပြောကြားသည်။

လတ်တလောတွင် ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့တွင် တိုက်ပွဲများဖြစ်ပွားမည်ဟု ကောလာဟလ သတင်းများပျံ့နှံ့နေပြီး ပြင်ဦးလွင်မြို့တွင် မြို့ခံများမှာ ပုံမှန်အတိုင်းသွားလာနေထိုင်လျက်ရှိသော်လည်း ပြင်ဦးလွင်သို့ ယာယီလာရောက်နေထိုင်သူများက ရွှေ့ပြောင်းမှုများပြုလုပ်သဖြင့် သြဂုတ် ၈ ရက်က ပြင်ဦးလွင်မှ မန္တလေးသို့ အဆင်း ၁၆ မိုင်ဂိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားခဲ့သည်။

ထို့နောက် သြဂုတ် ၉ ရက်တွင်လည်း မန္တလေးသို့ အခြေပြုပြေးဆွဲနေသည့် လေ ကြောင်းလိုင်းခရီးစဉ်များ ဖျက်သိမ်းထား သည်ဟု ကောလာဟလထပ်မံထုတ်လွှင့်လာ ကာ  အခြားတစ်ဖက်တွင်လည်း ကောလာဟ လသတင်းများနှင့်အတူ ဒေါ်လာစျေးနှုန်း ဆွဲတင်မှုများလည်း ပြုလုပ်လာခြင်းဖြစ်သည် ဟု မန္တလေး မြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ် ဦးက ပြော ကြားသည်။

မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက]]မန္တလေးမှာ တိုက်ပွဲဖြစ်တော့ မလို လို၊ ပြင်ဦးလွင်မှာတိုက်ပွဲဖြစ်တော့မလိုလို တွေနဲ့ သတင်းတွေဖြန့်ပြီးတော့ အဲဒီသတင်း တွေမူတည်ပြီးတော့ မန္တလေးဗဟိုပြုတဲ့လေကြောင်းလိုင်းတွေ ၁၇ ရက်နေ့ထိ ရပ်နားထား တယ်ဆိုတဲ့ဟာတွေကို လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတာတွေ့ရတယ်။ အချို့တွေက ဒါတွေ ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်နေတာတွေ့ရပြီး ဒီနေ့ဆိုရင် ဒေါ်လာစျေး ၆၀၀၀ ဝန်းကျင်ရှိနေပြီဆိုပြီးပြောနေတာတွေ မတရားထိုးတက်ပြီး မဖြစ်သင့်တဲ့စျေးတွေ ဖြစ်နေကြတယ်။ ဒီလိုကောလာဟလတွေကို ဖန်တီးပြီးတော့ ဒီလိုမျိုးစျေးကစားတဲ့သူတွေ စျေးဆွဲတင်တဲ့ပုံစံလုပ်နေတာကို တွေ့ရ တယ်။ ဒါတွေကို အကုန်လုံးကသတိထားဖို့ သင့်တယ်။ မန္တလေးမြို့မှာဆို ပုံမှန်အတိုင်း သွားလာနေတာပဲ။ လေကြောင်းလိုင်းတွေ လည်း ပုံမှန်အတိုင်း ပြေးဆွဲနေတာလို့ သိရ တယ်}}ဟု ပြောကြားသည်။

Most Read

Most Recent