ကချင်၊ ကရင်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေဘေးသင့်ပြည်သူ အနည်းဆုံး တစ်သိန်းနှစ်သောင်းရှိကြောင်း WFP ထုတ်ပြန်

ကချင်၊ ကရင်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေဘေးသင့်ပြည်သူ အနည်းဆုံး တစ်သိန်းနှစ်သောင်းရှိကြောင်း WFP ထုတ်ပြန်
Published 8 August 2024

ကချင်၊ ကရင်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေဘေးသင့်ပြည်သူ အနည်းဆုံး တစ်သိန်းနှစ်သောင်း ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်သည်။

လက်ရှိတွင် ယင်းဒေသများရှိ ရေဘေး သင့်ပြည်သူများအတွက် အသက်ကယ်ဆယ် ရေး အထောက်အပံ့များ ပေးလျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆို သည်။

“မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမလုံ လောက်မှု အရေးပေါ်အခြေအနေရောက် နေတဲ့အချိန်မှာမှ ရေဘေးကဖြစ်လာရပြန် ပါတယ်။ နိုင်ငံတစ်ဝန်းမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲတွေ နဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အခုလိုရေဘေး ဖြစ်တာကြောင့် သူတို့အနေနဲ့ ပိုပြီး ထိခိုက် လွယ်တဲ့အခြေအနေကို ရောက်ကြရတယ်”ဟု  WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ် စားလှယ် Mr.Paolo Mattei က ပြောကြားသည်။

ကနဦးအနေဖြင့် ရေဘေးသင့်ပြည်သူ တစ်သိန်းကျော်ကို ကူညီရန်အတွက် အရေး ပေါ် ရေဘေးတုံ့ပြန်မှုလုပ်ငန်းတစ်ရပ်ကို စတင်လိုက်ကြောင်း WFP က ဆိုသည်။

ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် ရေဘေးသင့်ခဲ့ရပြီး ရေဘေးကြောင့် မိသားစုများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ ကာ လမ်းများနှင့် လယ်ယာစိုက်ခင်းများပျက် စီးရကြောင်း၊ ထိခိုက်အလွယ်ဆုံးသူများထံ အရေးပေါ် အကူအညီများ ရောက်ရှိရန်               ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း United Nation OCHA Myanmar က ထုတ်ပြန်ထား သည်။

ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံအထက် ပိုင်းဒေသများနှင့် အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် အခြေခံ ပညာကျောင်းများကိုလည်း ပိတ်ထားခဲ့ရ ကြောင်း သိရသည်။

 

Most Read

Most Recent