၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် စူပါကွန်ပျူတာ၏ ခန့်မှန်းမှုတွင် လက်ရှိချန်ပီယံ မန်စီးတီးအသင်း ထိပ်ဆုံး၌ ရပ်တည်

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် စူပါကွန်ပျူတာ၏ ခန့်မှန်းမှုတွင် လက်ရှိချန်ပီယံ မန်စီးတီးအသင်း ထိပ်ဆုံး၌ ရပ်တည်
Photo: Getty Images
Photo: Getty Images
Published 13 August 2024

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယခုတစ်ပတ် သောကြာနေ့တွင် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းအတွက် Opta ၏ စူပါကွန်ပျူတာက ကြိုတင်ခန့်မှန်းသုံးသပ်မှုပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းပင် အမှတ်ပေးဇ ယားထိပ်ဆုံး၌ ရပ်တည်ပြီး ချန်ပီယံဆု ထပ်မံရယူနိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ရာသီဆက်တိုက် ရရှိထားသည့်အသင်းဖြစ်ပြီး လာမည့်ရာသီတွင်လည်း ချန်ပီယံဆု ထပ်မံရယူနိုင်ရန် ရေပန်းအစားဆုံးဖြစ်နေသည်။

မန်စီးတီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းအားဖြည့်မှုများ ပြုလုပ်နိုင်ခြင်းမရှိသေးသော်လည်း ပြိုင်ဘက်များထက် အင်အားတောင့်တင်းနေဆဲဖြစ်သည်ဟု သတ်မှတ်ခံထားရသည့်အတွက် ချန်ပီယံဆုကို ထပ်မံရယူနိုင်လိမ့်မည်ဟု ထင်ကြေးပေးခံနေရခြင်းဖြစ်သည်။

မန်စီးတီးအသင်းကို စူပါကွန်ပျူတာက ချန်ပီယံဆုရရှိရန် အလားအလာအကောင်းဆုံးဟု သတ်မှတ်ထားသလို၊ လောင်းကစားကုမ္ပဏီများကလည်း ချန်ပီယံဆုအတွက် ဖြစ်နိုင်ခြေအများဆုံးအဖြစ် အလေးပေးထားကြောင်း သိရသည်။

စူပါကွန်ပျူတာ၏ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ခန့်မှန်းမှုတွင် မန်စီးတီးက ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး အာဆင်နယ်က ဒုတိယ၊ လီဗာပူးလ်က တတိယ၊ ချယ်လ်ဆီးက စတုတ္ထ၊ နယူးကာဆယ်က ပဥ္စမ၊ မန်ယူက ဆဋ္ဌမ၊ စပါးက သတ္တမ၊ ဗီလာက အဋ္ဌမ ရရှိခဲ့သည်။

Most Read

Most Recent