ဘာပေကြောင့် နီကိုဝီလီယံစ်အား ဘာစီလိုနာ အရခေါ်ယူသင့်ကြောင်း ရီဗယ်လ်ဒို ဆို

ဘာပေကြောင့် နီကိုဝီလီယံစ်အား ဘာစီလိုနာ အရခေါ်ယူသင့်ကြောင်း ရီဗယ်လ်ဒို ဆို
Photo: Fabrizio
Photo: Fabrizio
Published 22 July 2024

ဘာစီလိုနာအသင်း၏ ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရီဗယ်လ်ဒိုက မဟာပြိုင်ဘက် ရီးယဲလ်အသင်းထံ ဘာပေ ရောက်ရှိလာခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ဘီလ်ဘာအိုအသင်းမှ စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ် (၂၂ နှစ်)အား အရခေါ်ယူသင့်ကြောင်း ပြောကြားခဲ့သည်။

ရီဗယ်လ်ဒိုက ''ရီးယဲလ်ရဲ့ သန်မာမှုကို လိုက်မီဖို့ဆိုရင် ဘာစီလိုနာအနေနဲ့ နီကိုဝီလီယံစ်ကို အရခေါ်ယူသင့်ပါတယ်။ သူ (နီကိုဝီလီယံစ်)ဟာ ဘာစီလိုနာအသင်းကိုရော El Clàsico ပွဲစဉ်ကိုပါ ပိုမိုသန်မာစေမယ့်သူပါ''ဟု ပြောကြားခဲ့ကြောင်း Marca သတင်းစာက ဖော်ပြခဲ့သည်။

နီကိုဝီလီယံစ်ကို ခေါ်ယူရန် အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent