ကိုပါအမေရိကပြိုင်ပွဲ၌ ပရီးမီးယားလိဂ်ကစားသမား(၄၄)ဦးပါဝင်

ကိုပါအမေရိကပြိုင်ပွဲ၌ ပရီးမီးယားလိဂ်ကစားသမား(၄၄)ဦးပါဝင်
Photo: Goal
Photo: Goal
Published 17 June 2024

ဇွန်(၂၀)တွင် စတင်ကျင်းပမည့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ ပရီးမီးယားလိဂ်ကစားသမား (၄၄)ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ပရီးယားလိဂ်မှ ကစားသမား (၁၀၂)ဦးအထိ ရွေးချယ်ခံခဲ့ရသော်လည်း ကိုပါအမေရိကပြိုင်ပွဲတွင်မူ (၄၄)ဦးသာ ရွေးချယ်ခံရခြင်းဖြစ်သည်။

ကိုပါအမေရိကပြိုင်ပွဲအတွက် ကစားသမားအများဆုံး ရွေးချယ်ခံရသည့် ပရီးမီးယားလိဂ်ကလပ်မှာ ဖူလ်ဟမ်ဖြစ်ပြီး ကစားသမား(၅)ဦး ရွေးချယ်ခံရခြင်းဖြစ်သည်။

ယူရိုပြိုင်ပွဲအတွက် ကစားသမား(၁၃)ဦး စေလွှတ်ပေးခဲ့ရပြီး အများဆုံးဖြစ်ခဲ့သည့် မန်စီးတီးအသင်းမှာ ကိုပါအမေရိကပြိုင်ပွဲအတွက်မူ အယ်လ်ဗာရက်ဇ် (၁)ဦးသာ စေလွှတ်ခဲ့ရကြောင်း သိရသည်။

ဘရိုက်တန်၊ လီဗာပူးလ်၊ နော်တင်ဟမ်ဖောရက်စ်နှင့် ဝုလ်ဗ်အသင်းတို့က ကစားသမား(၄)ဦးစီ စေလွှတ်ပေးခဲ့ရပြီး အက်စတွန်ဗီလာ၊ ပဲလေ့စ်၊ စပါးနှင့် ဝက်စ်ဟမ်းတို့က (၃)ဦးစီ၊ အာဆင်နယ်၊ ဘုန်းမောက်၊ ချယ်လ်ဆီး၊ မန်ယူနှင့် နယူးကာဆယ်တို့က (၂)ဦးစီ စေလွှတ်ပေးခဲ့ရသည်။

ပရီးမီးယားလိဂ်မှ ကစားသမားအများဆုံး ရွေးချယ်ခဲ့သည့်အသင်းမှာ အာဂျင်တီးနားဖြစ်ပြီး (၁၀)ဦးအထိ ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဘရာဇီးလ်က (၈)ဦးဖြင့် ဒုတိယအများဆုံး၊ အမေရိကန်က (၆)ဦးဖြင့် တတိယအများဆုံးအဖြစ် ရပ်တည်ခဲ့ကြောင်းလည်း သိရသည်။ 

Most Read

Most Recent