ဝက်ကင်စ်၏ဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း အမ်မရီ ဆို

ဝက်ကင်စ်၏ဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း အမ်မရီ ဆို
Photo: X
Photo: X
Published 19 September 2024

အက်စတွန်ဗီလာနည်းပြ အမ်မရီက ယန်ဘွိုင်းစ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် အသင်းတိုက်စစ်မှူး ဝက်ကင်စ်အတွက် စိုးရိမ်စရာမရှိကြောင်း ပြောကြားခဲ့သည်။

အင်္ဂါညက ချန်ပီယံလိဂ်ပွဲစဉ် ယန်ဘွိုင်း (၀-၃) အက်စတွန်ဗီလာပွဲတွင် ဝက်ကင်စ်သည် ပွဲချိန် (၆၀) မိနစ်တွင် ဒူရန်နှင့် လူစားလဲခဲ့ရသည်။

ထို့ပြင် အရန်ခုံတန်းသို့ ရောက်ရှိချိန်တွင် ဝက်ကင်စ်အနေဖြင့် ခြေချင်းဝတ်အား ရေခဲထုပ် ကပ်ထားသည်ကို မြင်တွေ့ခဲ့ရသည်။

သို့သော် အက်စတွန်ဗီလာနည်းပြ အမ်မရီက ''သူ အဆင်ပြေပါတယ်။ ခြေစွမ်းလည်း ပြခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကို တခြားကစားသမားတွေလိုပဲ လူစားလဲခဲ့တာပါ''ဟု ပြောကြားခဲ့သည်။

ဝက်ကင်စ်သည် စနေနေ့ကစားမည် ဝုလ်ဗ်နှင့်ပွဲတွင် ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။