"ဒီကောင် လူရော ဟုတ်ရဲ့လား"။ ယူရို-၂ဝဝ၄ မှာ ရွန်နီကစားတာကို ကြည့်နေရင်းနဲ့ ခံစားခဲ့တဲ့ ခံစားချက်ပါ။ ကျွန်တော် အခုအချိန်အထိ မှတ်မိနေသေးတယ်။ အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှာ အသက် (၁၈) နှစ်သားလေး ပါလာတယ်။ မယုံနိုင်စရာတွေ လုပ်ပြခဲ့တယ်။ အဲဒီအချိန်က အင်္ဂလန်တစ်နိုင်ငံလုံးက ပရိသတ်တွေရော၊ တစ်ကမ္ဘာလုံးက ပရိသတ်တွေရော ကျွန်တော့်လို ဖြစ်ခဲ့မှာပါပဲ။ လီဗာပူးလ်မြို့က အဲဗာတန်ပရိသတ်တွေကတော့ သူတို့ကောင်အကြောင်း သူတို့သိတာပေါ့။ သိသည့်တိုင်အောင် ဒီလောက်ကြီးကျတော့လည်း မဟုတ်သေးဘူး။ ကမ္ဘာ့ဒေါသအကြီးဆုံး ဘောလုံးသမား၊ ယမ်းအိုးကြီးလို တင်စားခံရတဲ့ ဒန်ကန်ဖာဂူဆန်ကတောင် ရွန်နီကို "အသက် ၁၆ နှစ်ကျော်ကတည်းက အသင်းကြီးကို ရောက်လာတယ်။ ကျွန်တော့်ကိုတောင် မညှာမတာ ဝင်ပိုင်းတဲ့ကောင်။ ဘယ်လောက်ထူးခြားသလဲဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ယူရို-၂ဝဝ၄ ကတော့ မတူဘူးလေ။ နိုင်ငံတကာ ပြိုင်ပွဲကြီး။ အခမ်းနားဆုံးပြိုင်ပွဲကြီး။ ဒီပြိုင်ပွဲကြီးကို ဒီကောင်လေးက လုပ်ချင်တိုင်းလုပ်ခဲ့တယ်"လို့ ပြောတယ်။
■ အင်္ဂလိပ်တွေရဲ့ပီလီ ဝိန်းရွန်နီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















