PFA ၏ အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ဆာကာနှင့် ပါလ်မာ ပါဝင်

PFA ၏ အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ဆာကာနှင့် ပါလ်မာ ပါဝင်
Photo: Getty Images
Photo: Getty Images
Published 13 August 2024

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း(PFA) မှ ရွေးချယ်ချီးမြှင့်မည့် ၂၀၂၃-၂၄ ရာသီအကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ရာ အာဆင်နယ်တိုက်စစ်ကစားသမား ဆာကာနှင့် ချယ်လ်ဆီးတိုက်စစ်ကစားသမား ပါလ်မာတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

PFA သည် အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား (၆)ဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆာကာ၊ ပါလ်မာတို့နှင့်အတူ မန်ယူအသင်းမှ မိန်နူး နှင့် ဂါနာချို၊ ခရစ္စတယ်ပဲလေ့စ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် အိုလီဆေး၊ ဘရိုက်တန်အသင်းမှ ဘရာဇီးလ်တိုုက်စစ်ကစားသမား ဂျော်အိုပတ်ဒရိုတို့ ပါဝင်ခဲ့သည်။

အကောင်းဆုံးလူငယ်ကစားသမားဆုရရှိသူကို သြဂုတ်(၂၀)တွင် ကြေညာမည်ဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ဆုရရှိခဲ့သည့် ဆာကာပင် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

PFA သည် အကောင်းဆုံးအမျိုးသမီးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင် (၆)ဦးစာရင်းကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent