မျက်နှာဖုံးဝတ်ဆင်ခြင်းက ဘာပေ၏စွမ်းဆောင်မှုအပါ် သက်ရောက်မှုရှိဟု ဒေးရွှမ့်စ် ဆို

မျက်နှာဖုံးဝတ်ဆင်ခြင်းက ဘာပေ၏စွမ်းဆောင်မှုအပါ် သက်ရောက်မှုရှိဟု ဒေးရွှမ့်စ် ဆို
Photo : Getty Images
Photo : Getty Images
Published 27 June 2024

ပြင်သစ်နည်းပြ ဒေးရွှမ့်စ်က မျက်နှာဖုံးဝတ် ဆင်ကစားခြင်းက အသင်းခေါင်းဆောင် ဘာပေ၏ စွမ်းဆောင်မှုအပေါ် သက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ နာမည်ကျော်တိုက်စစ်မှူး ဘာပေသည် သြစတြီးယားအား (၁-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်တွင် ပြိုင်ဘက်နှင့် ထိခိုက်မိကာ နှာခေါင်းရိုးကျိုးဒဏ်ရာ ရရှိခဲ့သည်။

ဘာပေသည် ယင်းဒဏ်ရာကြောင့် နယ်သာလန်နှင့်ပွဲကို လွဲချော်ခဲ့ပြီး ပိုလန်နှင့်ပွဲတွင် မျက်နှာဖုံးဝတ်ကာ ပါဝင်ကစားခဲ့ခြင်းဖြစ်သည်။

မျက်နှာဖုံးဝတ်ဆင်ခြင်းက စွမ်းဆောင်မှုကို လျော့ကျစေသည်ဟု ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးက ပွဲမတိုင်မီသတိပေးခဲ့သည်။

ဘာပေသည် ပိုလန်နှင့် (၁-၁) ဂိုးဖြင့် သရေကျသည့်ပွဲတွင် ပြင်သစ်အတွက် ဦးဆောင်ဂိုးကိုပယ်နယ်တီ မှတစ်ဆင့်သွင်းယူပေးခဲ့သည်။

ပြင်သစ်နည်းပြ ဒေးရွှမ့်စ်က "ဘာပေကစားတာ ကောင်းပါတယ်။ ဒါပေမဲ့ မျက်နှာဖုံးနဲ့ အသားကျဖို့လိုတယ်။ ချွေးထွက်ချိန်မှာ မျက်နှာဖုံးကြောင့် သုတ်ဖို့ ခက်ခဲပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent