■ တန်ဟက်ဂ်နေရာ ပိုချက်တီနို အစားဝင်ရန် ပိုမိုရေပန်းစားလာ     

■ တန်ဟက်ဂ်နေရာ ပိုချက်တီနို အစားဝင်ရန် ပိုမိုရေပန်းစားလာ     
Photo: Getty Images
Photo: Getty Images
Published 7 June 2024

မန်ယူအသင်းသည် နည်းပြ တန်ဟက်ဂ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပါက အစားထိုးခန့်အပ်မည့်သူအဖြစ် ချယ်လ်ဆီးနည်းပြဟောင်း ပို ချက်တီနိုက ပိုမိုရေပန်းစားလာကြောင်း သိရသည်။

    

မန်ယူအသင်း၏ တာဝန်ရှိသူများသည် လက်ရှိအချိန်၌ အသင်း၏ တစ်ရာသီစာဖြတ်သန်းမှုကို ပြန်လည်သုံးသပ်မှုပြုလုပ်နေပြီး ယင်းသုံးသပ်မှုအပေါ် မူတည်၍ တန်ဟက်ဂ်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ 

တန်ဟက်ဂ်သည် FA ဖလားချန်ပီယံဆု ရယူ နိုင်ခဲ့သောကြောင့် မန်ယူနည်းပြအဖြစ် ဆက်ရှိရန် အခွင့်အလမ်းပိုကောင်းလာခဲ့သော်လည်း ယခုအခါ မန်ယူအသင်းက လျော်ကြေးပေး၍ ထုတ်ပယ်တော့မည်ဟူသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ 

မန်ယူအသင်းသည် တန်ဟက်ဂ်ကို ထုတ်ပယ်မည်ဆိုပါက လျော်ကြေး ပေါင်(၉)သန်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ 

အကယ်၍ တန်ဟက်ဂ်သည် ယူရိုပါလိဂ်ဝင်ခွင့် ရယူပေးနိုင်ခြင်းမရှိခဲ့ပါက လာမည့်ရာသီတွင် လစာ(၂၅%)လျှော့ယူရမည်ဖြစ်သော်လည်း FA ဖလားချန်ပီယံအဖြစ် ယူရိုပါလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့သောကြောင့် ပုံမှန်လစာ ပေါင်(၉) သန်းခံစားရမည်ဖြစ်သည်။ 

    

ပိုချက်တီနိုသည် ချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံခဲ့ရသော်လည်း မန်ယူနည်းပြဖြစ်လာရန် (၁၁း၈)လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး ဒုတိယနေရာ၌ ဒီဇယ်ဘီ ရပ်တည်နေသည်။

Most Read

Most Recent