ယူရို-၂၀၂၄ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၄ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 30 June 2024

အင်္ဂလန် - ဆလိုဗက်ကီးယား (တနင်္ဂနွေည ၁၀း၃၀ နာရီ)

အင်္ဂလန်အသင်းက တစ်ဖက်မှာ အပြင်းထန်ဆုံး ဝေဖန် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပေမဲ့ ဗိုလ်လုပွဲလမ်းကြောင်းက တော့ အတော်လေး ဖြောင့်ဖြူးသွားတယ်။ ယူရို-၂၀၂၀ ပြိုင်ပွဲ ထက်တောင် အင်္ဂလန်အသင်းကို ကံကြမ္မာမျက်နှာသာ ပိုပေး နေတဲ့ အနေအထားပါပဲ။ ဆလိုဗက်ကီးယားအသင်းက အုပ်စု အဖွင့်ပွဲမှာ ဘယ်လ်ဂျီယံကိုတောင် အနိုင်ကစားထားတဲ့အသင်း ဖြစ်လို့ လျှော့တွက်လို့တော့ မရဘူး။ အင်္ဂလန်အသင်း ကပ်အနိုင် ရဖို့ပဲများတယ်။

စပိန် - ဂျော်ဂျီယာ (တနင်္လာနံနက် ၁း၃၀ နာရီ)

စပိန်အသင်းက လက်ရှိ ယူရိုမှာ ပြိုင်ဘက်ထိပ်သီးအသင်း တွေအကြား ခြေအမှန်ဆုံးနဲ့ ပုံစံကောင်းအပြနိုင်ဆုံးအသင်း လည်းဖြစ်တယ်။ ဒါကြောင့်လည်း ချန်ပီယံရေပန်းစားမှုမှာ စပိန် က အုပ်စုပွဲတွေအပြီး ထိပ်နားအထိ ရောက်လာတာဖြစ်တယ်။  ဂျော်ဂျီယာအသင်းကတော့ ပထမဆုံး ယှဉ်ပြိုင်ခွင့်ရတဲ့ မေဂျာ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်လာခဲ့တဲ့ အားထုတ်မှုကို တော့ အသိအမှတ်ပြုရလိမ့်မယ်။ ဒါပေမဲ့ အဆင့်ချင်းကွာလို့ စပိန်  ပဲ ရွေးချယ်ချင်တယ်။