အန်နက်ဆီရီအား ခေါ်ယူရန် မန်ယူနှင့် စပါးအသင်း အပြိုင်စိတ်ဝင်စား

အန်နက်ဆီရီအား ခေါ်ယူရန် မန်ယူနှင့် စပါးအသင်း အပြိုင်စိတ်ဝင်စား
Photo: X
Photo: X
Published 13 June 2024

ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် မန်ယူနှင့် စပါးအသင်းတို့သည် ဆီဗီလာတိုက်စစ်မှူး အန်နက်ဆီရီအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

မော်ရိုကိုတိုက်စစ်မှူး အန်နက်ဆီရီ(၂၇ နှစ်)သည် ၂၀၂၅ ခုနှစ်တွင် ဆီဗီလာအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုမည်မဟုတ်ဟု အသိပေးထားကြောင်း သိရသည်။

ထို့ကြောင့် ဆီဗီလာအသင်းသည် အန်နက်ဆီရီအား ယခုနွေရာသီတွင် ပေါင်သန်း (၂၀) ဝန်းကျင်ဖြင့် ရောင်းချရန်စီစဉ်နေရာ မန်ယူနှင့် စပါးအသင်းတို့က ၎င်းကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း စပိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။ 

Most Read

Most Recent