နာမည်တစ်လုံး ပြန်လည်တည်ဆောက်ခြင်း

နာမည်တစ်လုံး ပြန်လည်တည်ဆောက်ခြင်း
Photo: AFP
Photo: AFP
Published 2 July 2024
Taw Lynn

လွန်ခဲ့တဲ့ (၂) နှစ်ကျော်လောက်က မန်ယူအသင်းက ထွက်ခွာပြီးနောက်မှာ ရန်းညက်ရဲ့ နာမည်က တော်တော်လေး ကျသွားတယ်။ အသက် (၆၅) နှစ်အရွယ် ရန်းညက်ဟာ ၂၀၂၁ ဒီဇင်ဘာမှာ မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတယ်။ ဒါပေမဲ့ ရန်းညက်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ လိုအပ်တဲ့ရလဒ်နဲ့ စွမ်းဆောင်မှုကို ရယူပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ ပိုပြီးဆိုးသွားတာက ရန်းညက်ဟာ မန်ယူအသင်းမှာ ကစားသမားအချို့ရဲ့ လေးစားမှုကိုပါ မရရှိခဲ့တာပါ။ အဲဒီတုန်းက မန်ယူမှာ ကစားနေတဲ့ ကမ္ဘာကျော် ပေါ်တူဂီအသင်းခေါင်း ဆောင် စီရော်နယ်လ်ဒိုဆိုရင် ရန်းညက်ကို ဘယ်တုန်းကမှ နည်းပြအဖြစ်တောင် မသတ်မှတ်ခဲ့ဘူးလို့တောင် ခပ်ကြမ်းကြမ်းပြောဆိုခဲ့တာပါ။

 

Most Read

Most Recent