■ နည်းပြသစ်ကို အမြန်ဆုံးခန့်အပ်ရန် ချယ်လ်ဆီးအသင်း စီစဉ်နေ

■ နည်းပြသစ်ကို အမြန်ဆုံးခန့်အပ်ရန် ချယ်လ်ဆီးအသင်း စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 24 May 2024

ချယ်လ်ဆီးအသင်းသည် နည်းပြသစ်ကို အမြန်ဆုံးခန့်အပ်ရန် စီစဉ်နေကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် နည်းပြ ပိုချက်တီနိုနှင့် လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ် အမြန်ဆုံးအစားထိုးခန့်အပ်နိုင်ရန် ကြိုးပမ်းနေသည်။ 

ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်၌ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်၊ အစ်ဝစ်ချ်နည်းပြ မက်ကန်နာနှင့် လက်စတာနည်းပြ မာရက်စ်ကာတို့ထဲမှ တစ်ဦးဦးကို ရွေးချယ်ဖွယ်ရှိကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် နည်းပြသစ်ကို (၂)နှစ်စာချုပ်သာ ချုပ်ဆိုရန် ရည်ရွယ်ထားသော်လည်း အသင်း၏ ရေရှည်စီမံကိန်းအတွက် သင့်လျော်မှုရှိမည့် နည်းပြမျိုးကို ဦးစားပေးရွေးချယ်ရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent