ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ ၂၃

ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ ၂၃
Photos: Getty Images
Photos: Getty Images
Published 1 June 2024
Chan Myae

ရော်နယ်လ်ဒိုက ကြော်ငြာတွေ ရိုက်ရတာကို အရမ်းကြိုက်ပါတယ်။ သူကိုယ်တိုင်လည်း ဝန်ခံခဲ့တယ်။ ရော်နယ်လ်ဒိုဆိုတဲ့ Brand ကို ကြည့်ရင် ဘောလုံး၊ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု၊ ပျော်ရွှင်မှု၊ စိတ်အားထက်သန်းမှု၊ ခွန်အား ဆိုတာတွေကို တွေ့ရတယ်။ သူက ကမ္ဘာသိလူသားတစ်ဦးဖြစ်ပြီး ဓာတ်ပုံစားတဲ့ ရုပ်ရည်နဲ့ အသားအရောင်ရှိတယ်။ တကယ်တော့ နိုင်ငံတကာက ထုတ်ကုန်တွေအတွက် စွယ်စုံအရည်အသွေးတွေ သူ့ဆီမှာ ရှိနေပါတယ်။ ရော်နယ်လ်ဒိုက ရီးယဲလ်မက်ဒရစ်အသင်းမှာ တစ်ပတ်လုပ်ခ ယူရို ၁၅ သန်းအထိ ရရှိနေပြီး ဒီငွေကြေးပမာဏက ဘောလုံးကမ္ဘာရဲ့ အမြင့်မားဆုံး လုပ်ခလစာလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ Nike,Castro,Clear,EA Sports,Konami,Suzuki စတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေကနေ ရနေတဲ့ တစ်နှစ်ကို ယူရိုသန်း ၆၀  လောက်နဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်တော့ဘူး။ ဘောလုံးကွင်းထဲမှာ အသေအလဲ ကြိုးစားနေတာကို တွေ့နေရသလို ကြော်ငြာရိုက်ကွင်းတွေမှာလည်း သူ့ကို မကြာခဏ တွေ့နေရတယ်။ သူ မကျေနပ်ရင် အထပ်ထပ်အခါခါ ပြန်ရိုက်နေတတ်တယ်။

 

Most Read

Most Recent