အီတလီအသင်း တိုးတက်ရန် လိုအပ်နေသေးသည်ဟု ခီယေဆာ ပြောကြား

အီတလီအသင်း တိုးတက်ရန် လိုအပ်နေသေးသည်ဟု ခီယေဆာ ပြောကြား
Photo: UEFA
Photo: UEFA
Published 17 June 2024

အယ်လ်ဘေးနီးယားနှင့်ပွဲတွင် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့် အီတလီတိုက်စစ်ကစားသမား ခီယေဆာက အီတလီအသင်းအနေဖြင့် တိုးတက်ရန် လိုအပ်နေသေးသည်ဟု ပြောကြားခဲ့သည်။

အီတလီအသင်းသည် ယင်းပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ ချေပဂိုးပြန်ပေးရနိုင်သည့် အခြေအနေအချို့ရှိခဲ့သည့်အတွက် ခီယေဆာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့ ဒီထက်ဂိုးပိုရသင့်ပါတယ်။ ဒီရလဒ်က အဖွင့်ကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပေမဲ့ စပိန်လို အသင်းကောင်းနဲ့ ရင်ဆိုင်ရမယ့်အချိန်မှာ တိုးတက်ဖို့ လိုအပ်ပါတယ်''ဟု ခီယေဆာက ပြောကြားခဲ့သည်။

 

Most Read

Most Recent