■ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

■ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်
Photo: AP
Photo: AP
Published 7 May 2024

♦ PSG - ဒေါ့မွန် (မြန်မာစံတော်ချိန် မေလ ၈ ရက် နံနက် ၁:၃၀ နာရီ)

◘ Current Form

PSG - WWWDL

ဒေါ့မွန် - WDLWW

◘ Head to Head

၂၀၁၀-၁၁(UEL)    ဒေါ့မွန် ၁-၁ PSG

        PSG ၀-၀ ဒေါ့မွန်

၂၀၁၉-၂၀(UCL)    ဒေါ့မွန် ၂-၁ PSG

        PSG ၂-၀ ဒေါ့မွန်

၂၀၂၃-၂၄(UCL)    PSG ၂-၀ ဒေါ့မွန်

        ဒေါ့မွန် ၁-၁ PSG

        ဒေါ့မွန် ၁-၀ PSG

ဒေါ့မွန်က ဘယ်လိုအခြေအနေမှာမှ လျှော့တွက်လို့မရတဲ့ အသင်းဖြစ်တယ်။ လုပ်ရည်ကိုင်ရည်ရှိသလို၊ ရဲရင့်တယ်။ သတ္တိရှိတယ်။ ကစားအားကောင်းပြီး တော်တော်လေးကြိုးစားတဲ့အသင်းဖြစ်တယ်။ ဒါ့အပြင် ဒေါ့မွန်တိုက်စစ်ပိုင်းမှာ ဆန်ချို၊ အဒီယာမီတို့ တော်တော်လေးကောင်းပြီး ဖယ်ခုကလည်း အားကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တယ်။ တစ်ခုရှိတာက ဒေါ့မွန်ရဲ့တိုက်စစ်ကစားသမားတွေက အတွေ့အကြုံနုပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ရဲ့ ဒုတိယအကျော့လိုပွဲမျိုး၊ အဝေးကွင်းပွဲမျိုး၊ ပြိုင်ဘက်က PSG ဖြစ်နေတဲ့အခါမျိုးမှာ သူတို့အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်တယ်။ PSG ကို ဒီအပိုင်းနဲ့ ပတ်သက်ပြီး စိတ်ပူစရာမရှိဘူး။ အထူးသဖြင့် အမ်ဘာပေ၊ ဒမ်ဘီလီတို့လိုကစားသမားတွေရဲ့ အရည်အသွေးနဲ့ အတွေ့အကြုံက တော်တော်လေးမြင့်ပါတယ်။ PSG ဖိုင်နယ်တက်မယ်။

◘ Facts

♦ ယင်း(၂)သင်းမှာ (၂၁)ရာစုအတွင်း ဥရောပပြိုင်ပွဲများတွင် (၇)ကြိမ်တွေ့ဆုံဖူးရာ (၆)ကြိမ်မှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာ ရှိခဲ့သည်။

♦ ဒေါ့မွန်အသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး (၁၀)ပွဲတွင် (၅)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ရှုံးသည့်ပွဲတိုင်းလည်း အနည်းဆုံး(၂)ဂိုးပေးခဲ့ရသည်။

Most Read

Most Recent