ရွေးချယ်ခွင့် နည်းလွန်းသည့်အနေအထားနှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုအလားအလာ

ရွေးချယ်ခွင့် နည်းလွန်းသည့်အနေအထားနှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုအလားအလာ
Published 19 May 2024

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  ဒေါ်လာ ၆၆၁ ဒသမ ၆၂၁ သန်းဝင်ရောက်ခဲ့ သည်။ ကဏ္ဍအလိုက် ဝင်ရောက်မှုအနေဖြင့်  စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ ဒသမ ၅၂၅ သန်းဖြင့် အများဆုံးဝင်ရောက်ရန် ခွင့် ပြုခဲ့သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ် နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၅၁ ဒသမ ၃၉၃ သန်းဖြင့် ဒုတိယအများဆုံးဖြစ် သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၇၇ ဒသမ ၈၂၀ သန်း၊ လယ်ယာစိုက် ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂ ဒသမ ၇၅၈ သန်း၊ မွေး မြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၂၃ ဒသမ ၄၆၉ သန်း၊ အိမ်ခြံမြေကဏ္ဍတွင်ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၀ ဒသမ ၅၃၃ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ရင်း နှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၁ ဒသမ ၁၂၃ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၆၆၁ ဒသမ ၆၂၁ သန်းသာ ခွင့်ပြု နိုင်ခဲ့သည်။

နိုင်ငံအလိုက် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု အနေဖြင့် သြစတြေးလျနိုင်ငံက ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ သုည ဒသမ ၇၀၄ သန်း၊ ဘရာဇီးက ဒေါ်လာ သုည  ဒသမ ၁၈၀ သန်း၊ ဘရူနိုင်းက ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့် ခြင်းအပါအဝင် ဒေါ်လာ သုည ဒသမ ၈၃၅ သန်း ၊ တရုတ်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၂၅ ဒသမ ၈၂၆ သန်း၊ တိုင်ပေ က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၇ ဒသမ ၀၆၈ သန်း၊ ဟောင်ကောင် က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၃ ဒသမ ၁၀၈ သန်း၊ အိန္ဒိယက ဒေါ်လာ သုည  ဒသမ ၆၀၀ သန်း၊ဂျပန်က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၃ ဒသမ ၂၂၉ သန်း၊  Republic of the marshallisland က ဒေါ်လာ ၁ ဒသမ ၃ သန်း၊ ကိုရီးယားက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂ ဒသမ ၄၆၂ သန်း၊samoa က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၇ ဒသမ ၉၂၀ သန်း၊ စင်ကာပူက  ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ် လာ  ၃၄၅ ဒသမ ၂၁၆ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ် လာ ၂၅ ဒသမ ၁၀၀ သန်း၊ UK က ရင်းနှီးမြှုပ် နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၄ ဒသမ ၄၈၄ သန်း၊ USA က ဒေါ်လာ ၁ ဒသမ ၈၈၉ သန်း၊ ဗီယက်နမ်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါ အဝင် ဒေါ်လာ ၁ ဒသမ ၇၀၀ သန်းဖြင့် စုစုပေါင်း ဒေါ်လာ၆၆၁ ဒသမ ၆၂၁ သန်း ဝင်ရောက်ထားသည်။

နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေ

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ လက်ရှိအ ချိန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်ရောက်မှု အနေဖြင့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ  ဒေါ်လာ ၄၀ ဒသမ ၆၉၃ ဘီလျံ (၄၀၆၉၃ ဒသမ ၆၈၇ သန်း) ဝင်ရောက်ခဲ့သည်။

၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၁၄၁၉ ဒသမ ၄၆၇ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၁၀၃ ဒသမ ၉၅၇ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၈၀၁၀ ဒသမ ၅၃၃ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉၄၈၆ ဒသမ ၁၂၃ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၆၆၄၉ ဒသမ ၈၁၃ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၇၁၈ ဒသမ ၀၈၆ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှ စက် တင်ဘာအထိ ဒေါ်လာ ၁၇၆၄ ဒသမ ၇၀၁သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၁၅၈ ဒသမ ၄၇၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၈၈၀ ဒသမ ၉၇၃ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း၊၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက် တိုဘာ မှ မတ်အထိ ဒေါ်လာ ၆၄၂ ဒသမ ၀၈၄ သန်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၁၆၄၀ ဒသမ ၆၆၇ သန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ၆၆၁ ဒသမ ၆၂၁ သန်း ဝင်ရောက်ခဲ့သည်။

အဆိုပါကိန်းဂဏန်းများအရ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ၉ ဒသမ ၄၈၆ ဘီလျံအထိ စံချိန်တင်ဝင် ရောက်ခဲ့သည်။

         

ရွေးချယ်ခွင့် နည်းလွန်းသည့်အနေအထားနှင့်မြန်မာ့ရင်းနှီးမြှုပ်နှံမှုအလားအလာ

မြန်မာနိုင်ငံ၏ ဖြတ်သန်းမှု ကာလ တစ် လျှောက်ရင်းနှီးမြှုပ်နှံမှုကို လေ့လာပါက သမ္မ တ ဦးသိန်းစိန် လက်ထက်ဖြစ်သော ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားကာလတွင် အမြင့် မားဆုံး ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။  တစ်နည်း အားဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် အပြိုင် တိုင်းပြည်စီးပွားရေး စန်းထသော ကာလဟု ဆိုရမည်ဖြစ်သည်။  ဥရောပ သမဂ္ဂ နိုင်ငံများအပါအဝင် အနောက်နိုင်ငံများ၏ မီးစိမ်းပြမှုကလည်း ရင်းနှီးမြှုပ်နှံမှု တိုး တက် လာခဲ့ခြင်း အကြောင်းတရားတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု  ရုပ်သိမ်း ပြီး အနောက်နိုင်ငံများမှ တိုက်ရိုက်ရင်းနှီးမြှုပ် နှံမှု အကန့်အသတ်ဖြင့် ရှိနေသေးသော်လည်း လက်ဦးမှု ရယူလိုသော စီးပွားရေးလုပ်ငန်း များက စင်ကာပူနိုင်ငံကို တစ်ဆင့်ခံပြီး ဝင် ရောက်လာခဲ့ကြသည်။ ထို့ကြောင့် တရုတ်နိုင် ငံကိုသာမဟုတ် အနောက်နိုင်ငံများကိုပါ ကျောထောက်နောက်ခံပြုထားသော စင်ကာ ပူနိုင်ငံသည်  တရုတ်နိုင်ငံပြီးလျှင် ဒုတိယ အများဆုံးနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

ယင်းကာလအတွင်းနှစ်အလိုက်  ရင်းနှီး မြှုပ်နှံမှုကိုလေ့လာပါက ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ဒသမ၄ ဘီလျံ ကျော်၊၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၄ဒသမ၁ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ရှစ်ဘီလျံ ကျော်  ၊၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် အတွင်း ဒေါ်လာ ၉ဒသမ၅ဘီလျံအထိ စံချိန်တင်မြင့်တက်ခဲ့ သည်။

သို့သော် ယင်းအနေအထားသည် NLD အစိုးရတက်လာသည့် အနေအထားတွင် သိ သိသာသာ ပြောင်းလဲလာခဲ့သည်။ ဥပမာ အားဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၆ ဒသမ ၆ ဘီလျံနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅ ဒသမ ၇ ဘီလျံအ ထိ ကျဆင်းသွားခဲ့သည်။ ယင်းနောက်ပိုင်း နှစ်များတွင်လည်း တဖြည်းဖြည်းကျဆင်းလာ ခဲ့သည်။ ပြဿနာ၏ အရင်းခံမှာ မြန်မာနိုင်ငံ ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ ကြောင့်ဖြစ်သည်။ ပဋိပက္ခများနှင့်အတူ ပဋိ ပက္ခများကို ကိုင်တွယ်ဖြေရှင်းမှု ပုံစံများကို နိုင်ငံတကာက လက်မခံနိုင်သော အခြေအ နေများသည် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအထိ ရိုက် ခတ်လာခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများ က အဆိုပါနှစ်ကာလများအတွင်းက သုံးသပ် ခဲ့ကြသည်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲဖြစ်ပွားပြီးနောက် ရင်းနှီးမြှုပ် နှံမှုကဏ္ဍ ထပ်မံကျဆင်းခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၆၁ ဒသမ ၆၂၁ သန်းသာ ဝင်ရောက်ကာ စံချိန်တင်ကျဆင်း ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် သည့် ကိန်းဂဏန်းများအရ သိရသည်။

မြန်မာနိုင်ငံသည် ယခင်က သယံဇာတ အရင်းအမြစ်များအပေါ် အခြေခံသည့်ရင်း နှီးမြှုပ်နှံမှုများကို ဦးစားပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပြည်ပပို့ကုန်မြှင့်တင်သည့် လုပ်ငန်းများကို ဦးစားပေး ဖိတ်ခေါ်လျက်ရှိ သည်။ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်က လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ် ငန်းကဏ္ဍ ၂၈ ခုကို ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ်လည်း ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အ နေဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဧပြီလကုန် အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ^ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံ မှုအများဆုံး ပြုလုပ်သော နိုင်ငံ^ ဒေသများ မှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင် ငံတို့ဖြစ်သည်။

စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများ ဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ စွမ်း အင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ဒသမ၄၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစု ပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၃ ရာခိုင် နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ဒသမ၄၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်း နှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သည် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများ အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှု များကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းလည်း သိရသည်။

သို့သော် လက်ရှိအနေအထားသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်အများ ကြီးထား၍ မရ သော အနေအထားတွင် ရှိနေ သည်။ ကမ္ဘာ့စီးပွားရေးအပြောင်းအလဲ၊ ဒေ သတွင်းအပြောင်းအလဲများအပြင် ပြည်တွင်း ၌ ဖြစ်ပွားနေသောပဋိပက္ခများ၏ ရိုက်ခတ် မှုများကြောင့် အလားအလာနည်းပါးနေ သည့်ကာလတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု၊ ဂျပန် ရင်းနှီးမြှုပ်နှံမှု၊ အမေရိကန်ရင်းနှီးမြှုပ်နှံမှု၊ အီးယူ ရင်းနှီးမြှုပ်နှံမှု စသည်ဖြင့် ရွေး ချယ် နိုင်သည့် အနေအထားမဟုတ်တော့ဘဲ ရလာ သည့် ရင်းနှီးမြှုပ်နှံမှုကို စည်းကမ်းနှင့် စနစ် နှင့် တာ ဝန်ယူမှု တာဝန်ခံမှုနှင့် တရား ဥပ ဒေ စိုးမိုးမှုတို့နှင့်သာ ထိန်း ချုပ်ရန်ရှိ တော့ကြောင်း စီးပွားရေးအဝန်းအဝိုင်းမှ သုံးသပ်နေကြသည်။