စပိန်လာလီဂါပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 19 May 2024

ဘီလ်ဘာအို - ဆီဗီလာ (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဘီလ်ဘာအိုကလည်း ရာသီသိမ်းကို ပေါ့ပေါ့ပါးပါးကစား ပြီးဖြတ်သန်းနေတယ်။ အသင်းကလည်း အိမ်ကွင်းဆိုရင်တိုက် စစ်ရော၊ ခြေစွမ်းပါကောင်းမွန်နေတတ်လို့ အဝေးကွင်းကစားပုံ စိတ်မချရသေးတဲ့အပြင် ခံစစ်ပါအားနည်းနေသေးတဲ့ ဆီဗီလာ တို့ မလွယ်လှဘူးထင်ပါတယ်။ ဆီဗီလာတို့ အဆင့်တက်ဖို့အ တွက် အားကုန်ရုန်းလာနိုင်ပေမယ့် ဒီရာသီအိမ်ကွင်းနှုတ်ဆက်ပွဲ မှာ မျက်နှာပျက်ခံဖို့မရှိတဲ့ ဘီလ်ဘာအိုကြောင့် မျှော်လင့်ချက်မဲ့ နေတယ်လို့ဆိုရမှာပါ။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲရွေးထားမယ်။

အက်သလက်တီကို - အိုဆာဆူနာ (တနင်္ဂနွေည ၁၁း၃၀ နာရီ)

အိုဆာဆူနာက မျှော်လင့်စရာလည်းမရှိ၊ စိုးရိမ်စရာလည်း မလိုတော့တဲ့နောက်ပိုင်းမှာ လွတ်လွတ်လပ်လပ်ပြန်ကစားလာ တာတွေ့ရတယ်။ အဝေးကွင်းမှာလည်း အရင်လိုမဟုတ်ဘဲ တိုက်စစ်ပိုဖွင့်ကစားလာတယ်။ အဝေးကွင်းနောက်ဆုံးပွဲမှာ လည်း ဘီလ်ဘာအိုကို သရေခံကစားခဲ့ပုံအရအခုအက်သလက် တီကိုကိုလည်း ပေါ့ပေါ့ပါးပါးပဲရင်ဆိုင်လာဦးမှာပါ။ ဒါပေမဲ့ ဒီရာ သီအိမ်ကွင်းမှာကစားပုံပိုကောင်းနေပြီး၊ အစဉ်အလာမှာပါအ သာရထားတဲ့ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲရွေးထားမယ်။

ဘာစီလိုနာ - ဗယ်လက်ကာနို (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဇာဗီလက်ထက်မှာ ဘာစီလိုနာဟာ ဗယ်လက်ကာနိုနဲ့ တွေ့တိုင်း အနိုင်ရအောင်မကစားနိုင်သေးဘူး။ ဒီအချက်က အခုပွဲမှာ ဘာစီလိုနာတို့ ဗယ်လက်ကာနိုကို အနိုင်ယူပြနိုင်ရေး တွန်းအားတစ်ခုလိုဖြစ်နေနိုင်တယ်။ ဗယ်လက်ကာနိုကလည်း တန်းဆင်းအန္တရာယ်ဇုန်ထဲမှ မလွတ်သေးရင်အခုပွဲလည်းဘာစီ လိုနာကို အရင်လိုအကောင်းဆုံးရင်ဆိုင်တားဆီးနိုင်ဖို့ ကြိုးစား လာဦးမှာပါပဲ။ အထူးသဖြင့် ဒီရာသီ ဗယ်လက်ကာနိုဟာ သရေ ပွဲတွေကစားရာမှာ ကျွမ်းကျင်သလိုတွေ့ရပေမယ့် အဝေးကွင်း မှာတော့ အရင်ရာသီတွေကလို သိပ်ပြီးမတောင့်တင်းတော့သ လိုဖြစ်နေတယ်။ ဒါကြောင့် ဘာစီလိုနာသာ နိုင်လိုစိတ်ပြင်းပြင်း နဲ့ အိမ်ကွင်းမှာကစားလာခဲ့ရင် ဒီတစ်ကြိမ်တော့ ဗယ်လက်ကာ နို တားဆီးနိုင်ဖို့မလွယ်လောက်တော့ဘူး။ ဘာစီလိုနာနဲ့ ဂိုးအ နည်းပဲကောင်းမယ်။

ဘက်တစ် - ဆိုစီဒက် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာစာအတွက် အပြိုင်ဖြစ်နေကြ တဲ့ ဒီနှစ်သင်းရဲ့ပွဲကတော့ စိတ်ဝင်စားစရာပါပဲ။ နှစ်သင်းစလုံးခြေ စွမ်းချင်းလည်းသိပ်မကွာလှဘူး။ ဒါပေမဲ့ ဘက်တစ်ရဲ့အိမ်ကွင်းက စားပုံပိုကောင်းတတ်ပြီး ဆိုစီဒက်ရဲ့ အဝေးကွင်းဆိုအတက်အကျ များကာ ထိန်းကစားလွန်းတဲ့ကစားပုံတွေအရတော့ ဒီပွဲလည်း ဘက်တစ်အားသာနေတာအမှန်ပါပဲ။ ဆိုစီဒက်အတွက် ဒီပွဲမှာ အဆုံးအဖြတ်ဖြစ်လာမှာက ခံစစ်ပိုင်းဘယ်လောက်ထိမာကျော ပြနိုင်မလဲဆိုတာပါ။ ဘက်တစ်နဲ့ ဂိုးအနည်းပဲရွေးထားမယ်။

ကာဒစ်ဇ် - လက်စ်ပါမားစ် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

တန်းမဆင်းရရေးမျှော်လင့်ချက်သာရှိနေခဲ့ရင် ကာဒစ်ဇ်တို့ အခုအိမ်ကွင်းပွဲကိုလည်း အစွမ်းကုန်ရုန်းကန်ဦးမှာပါပဲ။ လက်စ် ပါမားစ်ကလည်း ခြေစွမ်းပျောက်သွားတဲ့အပြင် အဝေးကွင်းလည်း အားနည်းတဲ့အသင်းပါ။ ကာဒစ်ဇ်နဲ့ ဂိုးအနည်းပဲကောင်းမယ်။

မာယော့ကာ - အယ်မယ်ရီယာ (တနင်္ဂနွေည ၁၁း၃၀ နာရီ)

မာယော့ကာကတော့ အိမ်ကွင်းမှာ အမှတ်ပြည့်ရဖို့ဆက်ကြိုး စားပါလိမ့်ဦးမယ်။ အယ်မယ်ရီယာကလည်း အဝေးကွင်းကစားပုံ ဆိုးရွားတဲ့အပြင် ခံစစ်ကလည်း ဂိုးတွေလွယ်လွယ်ခွင့်ပြုနေတဲ့ အသင်းဆိုတော့ မာယော့ကာအမှတ်ပြည့်ရဖို့မခက်ဘူးထင်တယ်။ မာယော့ကာနဲ့ ဂိုးအနည်းပဲရွေးထားသင့်တယ်။

ဂရန်နာဒါ - ဆယ်လ်တာဗီဂို (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဂရန်နာဒါတန်းဆင်းသွားရပြီဆိုပေမယ့် အိမ်ကွင်းနောက် ဆုံးပွဲကိုတော့ အကောင်းဆုံးနှုတ်ဆက်နိုင်ဖို့ကြိုးစားဦးမှာသေချာတယ်။ ဆယ်လ်တာဗီဂိုက အမှတ်ရဖို့ ကြိုးစားရဦးမယ်ဆိုပေ မယ့် အဝေးကွင်းအားနည်းနေမှုကိုတော့မပြင်နိုင်သေးပါဘူး။ ဂရန်နာဒါနဲ့ ဂိုးအများပဲဦးစားပေးထားရမယ့်ပွဲလို့ထင်တယ်။

ဗလင်စီယာ - ဂျီရိုနာ (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဂျီရိုနာကတော့ အဝေးကွင်းကစားပုံလျော့နေပါပြီ။ အဝေး ကွင်းဆိုဂိုးတွေလည်းပေးနေရပြီး သရေပွဲတွေများလာတယ်။ ဗလင်စီယာက အိမ်ကွင်းကစားပုံမာကျောပြီး အသင်းကလည်း အမှတ်လိုနေချိန်ဆိုတော့ ဒီတစ်ပွဲလည်း ဂျီရိုနာအဝေးကွင်းမှာ အနိုင်ရဖို့မလွယ်ဘူးထင်တယ်။ ဗလင်စီယာနဲ့ ဂိုးအနည်းပါပဲ။

ဗီလာရီးယဲလ် - ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဒီပွဲက ဗီလာရီးယဲလ်အတွက် ဒီရာသီအိမ်ကွင်းနောက်ဆုံး နှုတ်ဆက်ပွဲပါပဲ။ ဗီလာရီးယဲလ်ဟာ ရာသီအစအခြေအနေမ ကောင်းခဲ့လို့ နည်းပြတွေပြောင်းရင်း မာဆယ်လီနိုလက်ထဲအ ရောက်မှာမှ ကစားပုံပြန်ငြိမ်ခဲ့ပြီး ရာသီသိမ်းကာလကို ခြေစွမ်း မှန်မှန်နဲ့ ဖြတ်သန်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အလုံးစုံပြန်တောင့်တင်း လာတာမျိုးတော့မဟုတ်သေးဘူး။ အထူးသဖြင့်ခံစစ်ပိုင်းမငြိမ် သေးတာက အားနည်းချက်လိုဖြစ်နေတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ တော့ ခြေစွမ်းပိုပြလာပြီး တိုက်စစ်ပိုင်းကလည်းပိုထက်မြက်နေ လို့ အခုအိမ်ကွင်းနှုတ်ဆက်ပွဲမှာ ရီးယဲလ်ကိုတိုက်စစ်စွမ်းပြပြီး ထိုးဖောက်ဂိုးသွင်းယူနိုင်ဖို့အခွင့်အရေးရှိနေတယ်။ ရီးယဲလ်က တော့ အဓိကကစားသမားတွေကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အနားလည်းပေး အသင်းရဲ့ကစားပုံကိုစမ်းသပ်ရင်းပဲ ပွဲထွက်လာ ဖို့များနေပါတယ်။ အိမ်ကွင်းမာတဲ့ ဗီလာရီးယဲလ်နဲ့ ဂိုးအများပါပဲ။

Most Read

Most Recent