နည်းပြ ပိုချက်တီနိုနှင့် လမ်းခွဲခဲ့သည့် အသင်း၏ဆုံးဖြတ်ချက်ကို ချယ်လ်ဆီးကစားသမားများ တုန်လှုပ်

နည်းပြ ပိုချက်တီနိုနှင့် လမ်းခွဲခဲ့သည့် အသင်း၏ဆုံးဖြတ်ချက်ကို ချယ်လ်ဆီးကစားသမားများ တုန်လှုပ်
Photo : Getty Images
Photo : Getty Images
Published 23 May 2024

ချယ်လ်ဆီးအသင်းကစားသမားများသည် နည်းပြ ပိုချက်တီနိုနှင့်လမ်းခွဲသည့် အသင်း၏ဆုံးဖြတ်ချက်ကို အံ့သြတုန်လှုပ်နေကြကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အင်္ဂါနေ့တွင် အသင်းနည်းပြ ပိုချက်တီနိုနှင့် နှစ်ဦးသဘောတူလမ်းခွဲကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ရုန်းကန်ခဲ့ရသော်လည်း ပြိုင်ပွဲပြီးခါနီးတွင် နိုင်ပွဲများဆက်တိုက်ရပြီး ပရီးမီးယားလိဂ်တွင် အဆင့် (၆) ရရှိခဲ့သည်။

သို့သော် နည်းပြ ပိုချက်တီနိုနှင့် ချယ်လ်ဆီးအသင်းပိုင်ရှင်များအကြား အတွေးအမြင်ကွဲပြားသည့်အတွက် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းကြောင်း သိရှိရသည်။ ချယ်လ်ဆီး ကစားသမားများသည် အသင်းနှင့် ပိုချက်တီနိုသည် လမ်းခွဲသည့်အကြောင်းကို အသင်းထုတ်ပြန်ပြီးမှသာ သိခွင့်ရခဲ့ပြီး အသင်း၏ဆုံးဖြတ်ချက်ကို အံ့သြတုန်လှုပ်ခဲ့ကြကြောင်း သိရသည်။

ချယ်လ်ဆီးနှင့် ပိုချက်တီနိုလမ်းခွဲပြီးနောက် အသင်းကစားသမားများသည် လူမှုကွန်ရက်များတွင် ပိုချက်တီနိုကို နှုတ်ဆက်ခဲ့ကြသည်။ ဂျက်ဆန်က "ကျွန်တော်တို့ ဒီထက်ပိုပြီးအတူတူအလုပ်ခွင့်ရမယ်လို့ ထင်ခဲ့တာ။ အားလုံးအဆင်ပြေပါစေ"ဟု ၎င်း၏ Instargram Story  တွင် တင်ခဲ့ပြီး ကိုင်စီဒိုကလည်း "(ငိုနေသည့် Emoji နှင့်အတူ) လက်တွဲအလုပ်လုပ်ခွင့်ရတာ ပျော်ရွှင်ရပါတယ်။ အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစေ"ဟု ရေးသားခဲ့သည်။ ပိုချက်တီနိုသည် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ပြီး (၁၁) လအကြာတွင် အသင်းနှင့်လမ်းခွဲခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent