အိုဆင်မန်နှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာမျှ ပြောဆိုနိုင်ဦးမည်မဟုတ်ဟု နာပိုလီဒါရိုက်တာ မန်နာ ဆို

အိုဆင်မန်နှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာမျှ ပြောဆိုနိုင်ဦးမည်မဟုတ်ဟု နာပိုလီဒါရိုက်တာ မန်နာ ဆို
Photo: Fabrizio
Photo: Fabrizio
Published 19 August 2024

နာပိုလီအသင်းဒါရိုက်တာဖြစ်သူ မန်နာက အသင်းမှထွက်ခွာရန်နီးစပ်နေသည့် တိုက်စစ်မှူး အိုဆင်မန်၏ အနာဂတ်နှင့်ပတ်သက်၍ လက်ရှိအချိန်တွင် မည်သည့်အကြောင်းအရာမျှ ပြောဆိုနိုင်ဦးမည်မဟုတ်ကြောင်း Sky Italia သို့ဖြေကြားခဲ့သည်။

အသက် (၂၅)နှစ်အရွယ်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အိုဆင်မန်သည် ပြီးခဲ့သည့် သြဂုတ်အစောပိုင်းကတည်းက ယခုနွေရာသီတွင် နာပိုလီအသင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားသူဖြစ်ပြီး ၎င်းအားခေါ်ယူရန်အတွက် ချယ်လ်ဆီး၊ PSG အပါအဝင် ဥရောပထိပ်သီးကလပ်အသင်းအချို့က အပြိုင်စိတ်ဝင်စားနေကြောင်း သိရသည်။

အိုဆင်မန်၏ အပြောင်းအရွှေ့အခြေအနေနှင့်ပတ်သက်ပြီး နာပိုလီအသင်း ဒါရိုက်တာ မန်နာက ''အိုဆင်မန်လား။ လက်ရှိမှာတော့ ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ခဏရပ်ဆိုင်းထားပါတယ်။ သူ (အိုဆင်မန်)ဟာ အသင်းကထွက်ခွာဖို့ ဆန္ဒရှိနေပေမဲ့  ကျွန်တော်တို့အနေနဲ့ PSG ဒါမှမဟုတ် ချယ်လ်ဆီးအသင်းတွေကို တစ်စုံတစ်ရာပြောဆိုသွားဦးမှာမဟုတ်ပါဘူး။ လက်ရှိမှာတော့ အိုဆင်မန်ရဲ့ အပြောင်းအရွှေ့ကို အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ပဲ ကြိုးစားနေပါတယ်'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent