■ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အုပ်စု A ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အုပ်စု A ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFA
Photo: AFA
Published 25 June 2024

◘ ပီရူး - ကနေဒါ (မြန်မာစံတော်ချိန် ဇွန်လ ၂၆ ရက် နံနက် ၄း၃၀ နာရီ)

နှစ်သင်းစလုံးအဖို့ အမှားခံလို့မရတဲ့ပွဲဖြစ်ပြီး ကနေဒါက  တစ်ဦးကောင်းများက ပီရူးကတော့ စုစည်းမှုကောင်းတယ်။ ပီရူး အမှတ်ရလိမ့်မယ်။

◘ ချီလီ - အာဂျင်တီးနား (မြန်မာစံတော်ချိန် ဇွန်လ ၂၆ ရက် နံနက် ရး၃၀ နာရီ)

အာဂျင်တီးနားဘောလုံးသမိုင်းမှာ ချီလီအသင်းက ဘယ်တော့မှ နှုတ်မရတော့တဲ့ ဆူးတစ်ချောင်းလိုပါပဲ။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲ နှစ်ကြိမ်စလုံး အာဂျင်တီးနားကို ချီလီက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဝေဒနာတွေ ပေးခဲ့တာဖြစ်တယ်။ နောက်ပိုင်းတွေ့ဆုံမှုတွေမှာ အာဂျင်တီးနားအသင်း အပြတ်အသတ် အသာစီးရထားတယ်ဆိုပေမဲ့ ၂၀၁၁ နောက်ပိုင်းကတည်းက ဂိုးပြတ်နိုင်ပွဲမရှိတော့တာလည်း တွေ့ရတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ချီလီအသင်းက အကျဘက်ကို ဦးတည်နေပြီး တိုက်စစ်ပိုင်းမှာ အလက်ဆစ်ဆန်းချက်ဇ်၊ ဗားဂတ်စ်တို့ကိုတောင် လက်မလွှတ်နိုင်သေးတဲ့ အခြေအနေကို ရောက်နေတယ်။ ဒီတစ်ကြိမ်တော့ အာဂျင်တီးနား ဂိုးပြတ်နိုင်ဖို့များတယ်။

Most Read

Most Recent