ရမှတ်လျှော့ပြစ်ဒဏ် တစ်ခုတည်းကိုသာ နိုင်ငံတကာအားကစားခုံရုံး (CAS) သို့ ကနေဒါအမျိုးသမီးအသင်း အယူခံဝင်

ရမှတ်လျှော့ပြစ်ဒဏ် တစ်ခုတည်းကိုသာ နိုင်ငံတကာအားကစားခုံရုံး (CAS) သို့ ကနေဒါအမျိုးသမီးအသင်း အယူခံဝင်
Photo: Canada Soccer
Photo: Canada Soccer
Published 31 July 2024

 

ပါရီနွေရာသီအိုလံပစ်ပြိုင်ပွဲဝင်လျက်ရှိသည့် ကနေဒါအမျိုးသမီးဘောလုံးအသင်းသည် ဒရုန်းပြဿနာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ခြောက်မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံရမှုအပေါ် ကနေဒါဘောလုံးအဖွဲ့ချုပ် (CSA) က နိုင်ငံတကာအားကစားခုံရုံး (CAS) သို့ အယူခံတင်သွင်းခဲ့ကြောင်း သိရသည်။

CSA အနေဖြင့် ရာထူးမှ ထုတ်ပယ်ခံထားရသည့် နည်းပြ ပရီးစ်မန်း၊ ဘောလုံးလေ့လာသုံးသပ်သူ ဂျိုးဆက်လွန်ဘာဒီ၊ လက်ထောက်နည်းပြ ဂျက်စမင်မန်ဒါတို့၏ ဘောလုံးလောကနှင့် တစ်နှစ်ပိတ်ပင်ခံရသည့် ပြစ်ဒဏ်ကိုမူ အယူခံဝင်ခဲ့ခြင်းမရှိဟု BBC Sport က ဖော်ပြခဲ့သည်။ 

CAS သည် ကနေဒါ၏ အယူခံကို ဇူလိုင် ၃၁ ရက် (ယနေ့) မြန်မာ စံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဆုံးဖြတ်ဖွယ်ရှိကြောင်း သိရသည်။ CSA ၏ အယူခံတင်သွင်းမှုသည် အရေးယူမှု၏ အချိုးအစား မညီမျှမှုအပေါ် အခြေခံကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် CSA က ကနေဒါနည်းပြ အဖွဲ့၏ ဥပဒေနှင့်မညီ လုပ်ဆောင်မှုလုပ်ရပ်သည် မပါဝင်ခဲ့သော ကစားသမားများအပေါ် မမျှတသည့် အရေးယူမှုဟုလည်း ယုံကြည်လျက်ရှိသည်။ 

ကနေဒါအသင်းသည် အုပ်စု (A) တွင် နယူးဇီလန်နှင့် အိမ်ရှင် ပြင်သစ်အသင်းများကို အနိုင်ကစားထားပြီး ခြောက်မှတ်လျှော့ပြစ်ဒဏ်ကြောင့် အုပ်စုရပ်တည်မှုတွင် နောက်ဆုံးနေရာ၌ ရပ်တည်နေကြောင်း သိရသည်။ ကနေဒါအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲအဖြစ် ယနေ့တွင် ကိုလံဘီယာ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရလျှင် နောက်တစ်ဆင့်တက်ရောက်မည်ဖြစ်သည်။

Most Read

Most Recent