အကယ်ဒမီထွက်များ ရောင်းချခြင်းမှတားဆီးရန်အတွက် စည်းမျဉ်းပြောင်းလဲရန်လိုကြောင်း မာရက်စကာ ဆို

အကယ်ဒမီထွက်များ ရောင်းချခြင်းမှတားဆီးရန်အတွက် စည်းမျဉ်းပြောင်းလဲရန်လိုကြောင်း မာရက်စကာ ဆို
Photo : Getty Images
Photo : Getty Images
Published 8 August 2024

ချယ်လ်ဆီးနည်းပြ မာရက်စကာက အကယ်ဒမီထွက်ကစားသမားများကို ရောင်းချခြင်းမှတားဆီးနိုင်ရန်အတွက် ဘဏ္ဍာရေးစည်းမျဉ်းကိုပြောင်းလဲရန် လိုအပ်ကြောင်း ပရီးမီးယားလိဂ်ကို တောင်းဆိုခဲ့သည်။

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ပရီးမီးယားလိဂ်အရှုံးအမြတ်စည်းမျဉ်းနှင့် ကိုက်ညီရန်အတွက် ဝင်ငွေအလုံးအရင်းရသည့် အကယ်ဒမီထွက်ကစားသမားများကို ရောင်းချနေကြသည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် (၁၂) လအတွင်း မေဆန်မောင့်(ပေါင် ၅၅ သန်း)၊ လူးဝစ်ဟောလ်(ပေါင် ၂၈ သန်း)၊ လော့ပ်တပ်ဖ်ချိခ်(ပေါင် ၁၅ သန်း)၊ မတ်ဆန်(ပေါင် ၃၅ သန်း)၊ အိုဒွိုင်း(ပေါင် ၅ သန်း)၊ ဂီလ်မော်(ပေါင် ၇.၅ သန်း)တို့ကို ရောင်းချခဲ့သလို၊ ဂယ်လာဂါကိုလည်း ပေါင် (၃၃)သန်းဖြင့် အက်သလက်တီကိုအသင်းထံသို့ ရောင်းချရန်သဘောတူညီထားပြီဖြစ်သည်။

မာရက်စကာက "ဒါက ချယ်လ်ဆီးရဲ့ပြဿနာမဟုတ်ပါဘူး။ ဒီမှာ စည်းမျဉ်းတွေ ရှိပါတယ်။ အခုတော့ စည်းမျဉ်းကြောင့် ပရီးမီးယားလိဂ်ကလပ်တွေဟာ အကယ်ဒမီထွက်ကစားသမားတွေကို ရောင်းချနေကြတယ်။ ဒါက ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ပြဿနာပါပဲ။ အီတလီမှာဆိုရင်တော့တီက ရိုးမားအသင်းမှာ နှစ် (၂၀) ကစားသွားတယ်။ ပရိသတ်တွေက ဒါမျိုးကို မြင်ချင်ကြတယ်။ ဒါပေမဲ့ စည်းမျဉ်းတွေက အရင်ကနဲ့ မတူတော့ပါဘူး"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent