ဆိုစီဒက်ကွင်းလယ်အဖျက်ကစားသမား ဇူဘီမန်ဒီအား ခေါ်ယူရန် လီဗာပူးလ်အသင်း ပစ်မှတ်ထား

ဆိုစီဒက်ကွင်းလယ်အဖျက်ကစားသမား ဇူဘီမန်ဒီအား ခေါ်ယူရန် လီဗာပူးလ်အသင်း ပစ်မှတ်ထား
Photo : Getty Images
Photo : Getty Images
Published 8 August 2024

လီဗာပူးလ်အသင်းသည် ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်အဖျက်ကစားသမား ဇူဘီမန်ဒီအား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

ရာသီသစ်တွင် နည်းပြသစ် အာနယ်ဆလော့နှင့်အတူ ရှေ့ဆက်မည့် လီဗာပူးလ်အသင်းသည် ယခုအချိန်ထိ ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိသေးသည့်အတွက် အသင်းပရိသတ်များ၏ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

သို့သော် လီဗာပူးလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားသစ်များ ခေါ်ယူရန် ကြိုးပမ်းခဲ့နေပြီး ယခုအခါ ဆိုစီဒက်ကွင်းလယ်အဖျက်ကစားသမား ဇူဘီမန်ဒီကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။

အသက် (၂၅)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီသည် ဆိုစီဒက်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး စာချုပ်လျော်ကြေးမှာ ပေါင် (၅၂) သန်းဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ဇူဘီမန်ဒီသည် အသင်း၏ကွင်းလယ်ကို ထိန်းချုပ်နိုင်မည့်သူဟု ယုံကြည်နေပြီး ၎င်း၏လက်ထက် ပထမဆုံးခေါ်ယူသည့်ကစားသမားဖြစ်လာရန် ဆန္ဒရှိနေကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် အာနယ်ဆလော့လက်ထက် တွင် ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားမည်ဖြစ်ပြီး ကွင်းလယ်အဖျက်ကစားသမားမှာ ၎င်းတို့ဦးစားပေးလိုသည့်ကစားသမားဖြစ်ကြောင်းသိရသည်။

ဇူဘီမန်ဒီသည် ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းတွင် ပါဝင်ခဲ့ပြီး (၄)ပွဲ ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရသည်။

Most Read

Most Recent