■ မိုက်ကယ်အက်ဒ်ဝက်ဒ်ထုဆစ်မယ့် ခြေလှမ်းသစ်များ

■ မိုက်ကယ်အက်ဒ်ဝက်ဒ်ထုဆစ်မယ့် ခြေလှမ်းသစ်များ
Photo : Goal.com
Photo : Goal.com
Published 8 August 2024
Chan Myae

လီဗာပူးလ်က အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဘာအသံမှ မကြားရလောက်အောင် တိုးတိတ်ငြိမ်သက်နေတယ်။ အာနယ်ဆလော့ဟာ ယာဂန်ကလော့ပ်ခေတ်လွန်မှာ စိန်ခေါ်မှုကြီးတွေ ရင်ဆိုင်ရဖို့ ရှိပြီး လောလောဆယ်မှာလည်း သူ့ရဲ့ အသင်းမှာ နိုင်ငံတကာတာဝန်တွေကြောင့် စီနီယာကစားသမား (၁၁) ဦး ဆုံးရှုံးထားရတယ်။ ဒါပေမဲ့ လီဗာပူးလ်က နောက်ခံဘက်ဂရောင်းမှာတော့ အရေးပါတဲ့ အလုပ်တွေကို လုပ်နေပါတယ်။ ဆလော့ရဲ့ လက်ထောက်နည်းပြအဖြစ် နယ်သာလန်ခံစစ်မှူးဟောင်း ဟိုက်တင်ဂါ ရောက်လာတယ်။ အပြောင်းအရွှေ့ဈေးကွက်မဖွင့်ခင်မှာ လီဗာပူးလ်ဟာ သူတို့ရဲ့ အားကစားဆိုင်ရာ ဖွဲ့စည်းပုံကို အင်အားကောင်းမွန်စွာ စုဖွဲ့ပြီး ယာဂန်ကလော့ပ်ခေတ်လွန်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါတယ်။

 

Most Read

Most Recent