ကလပ်ဘရုဂေးအသင်းက ဂရိတောင်ပံကစားသမား ဇိုလစ်ကို ယူရိုသန်း(၄၀)နဲ့ အာဆင်နယ် သဘောတူညီမှုရရှိ

ကလပ်ဘရုဂေးအသင်းက ဂရိတောင်ပံကစားသမား ဇိုလစ်ကို ယူရိုသန်း(၄၀)နဲ့ အာဆင်နယ် သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 17 July 2026

အာဆင်နယ်အသင်းဟာ ကလပ်ဘရုဂေးအသင်းက ဂရိလက်ရွေးစင် တောင်ပံကစားသမား ဇိုလစ်ကို ယူရိုသန်း(၄၀)နဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဇိုလစ်(၂၄ နှစ်)ဟာ နောဝစ်ချ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားဖူးခဲ့သူဖြစ်ပြီး ၂၀၂၄ နွေရာသီမှာ ကလပ်ဘရုဂေးအသင်းကို ယူရို(၆)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

ဇိုလစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ကလပ်ဘရုဂေးအသင်းအတွက် (၂၂)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု(၂၉)ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြခဲ့တာကြောင့် ဘယ်လ်ဂျီယံပရိုလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် ဇိုလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အသင်းတွေ ရှိလာခဲ့ပေမဲ့ ဇိုလစ်က အာဆင်နယ်အသင်းကလွဲရင် တခြားအသင်းတွေကို မပြောင်းရွှေ့လိုဘဲ ကလပ်ဘရုဂေးမှာသာ ဆက်ကစားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းက ဇိုလစ်ကို ထရော့်ဆက်နေရာ အစားထိုးဖို့ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးယူရိုသန်း(၄၀)က ဘယ်လ်ဂျီယံပရိုလိဂ်အတွက် စံချိန်သစ်ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

အာဆင်နယ်အသင်းက ဇိုလစ်ကို အနည်းဆုံး(၅)နှစ်သက်တမ်းရှိတဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Most Read

Most Recent