■ သူနာပြုသိပ္ပံ (နေပြည်တော်) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနား နိုင်ငံတော်သမ္မတ တက်ရောက်ဖွင့်လှစ်

■ သူနာပြုသိပ္ပံ (နေပြည်တော်) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနား နိုင်ငံတော်သမ္မတ တက်ရောက်ဖွင့်လှစ်
Published 17 July 2026

ယနေ့ဖွင့်လှစ်လိုက်သည့် နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများသည် နိုင်ငံတော်၏

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် ကျန်းမာရေးပညာဗဟိုဌာနမျာဖြစ်လာပြီဟု ဆို

သူနာပြုသိပ္ပံ (နေပြည်တော်) နှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ သူနာပြုသိပ္ပံ များ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက် နံ နက်ပိုင်းတွင် သူနာပြုသိပ္ပံ (နေပြည်တော်) ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ သည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးညို စော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦး စီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ သူနာပြုအုပ်များ၊ သူနာပြုသိပ္ပံမှ သင်ကြားရေး ဆရာ ဆရာမများ၊ နေပြည်တော် ခုတင် (၁၀၀၀) သူနာပြုဆေးရုံမှ သူနာပြုများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိ သူများ၊ သူနာပြုသိပ္ပံများမှ ပါမောက္ခချုပ်များ၊ သူနာပြုအုပ်များ၊ သင်ကြားရေး ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက သူနာပြုသိပ္ပံ (နေပြည်တော်) နှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၄ ခုမှ သူနာပြုသိပ္ပံများကို ကရုဏာအလင်း သူနာပြုဆီမီးဖြင့် စက်ခ လုတ်နှိပ်၍ တစ်ပြိုင်တည်းဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့် အမှာစကား ပြောကြားရာတွင် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတစ်ခု တည်ဆောက်ရာ တွင် နိုင်ငံသားအားလုံး ပညာရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်ရေးသည် ပဓာနကျကြောင်း၊ ထို့ကြောင့်လည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်မှုလုပ် ငန်းများအတွက် မူဝါဒများချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဖြစ်ရန်နှင့် မြို့ပြနှင့် ကျေးလက်ပါမကျန် ဆင်းရဲချမ်းသာမရွေး လူ တိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့် ရှောက်မှု (Universal Health Converage) ပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။

“လူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိ” ဟူသည့် ခံယူချက်ဖြင့် မိမိတို့ တာဝန်ယူ ခဲ့သည့် ကာလ တစ်လျှောက်လုံး ကျန်းမာရေး ကဏ္ဍ အဆင့်မြှင့်တင်မှုကို ဘက်ပေါင်းစုံက ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သကဲ့သို့ ယခု အစိုးရသစ်ကာလတွင်လည်း ဆက်လက်မြှင့် တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်ပြီး အသိပညာ၊ အတတ် ပညာ ပြည့်ဝကြသော်လည်း ကျန်းမာရေးမ ကောင်းပါက ပေးအပ်လာသည့် တာဝန်များ နှင့် အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင် မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ပြည်သူအား လုံး၏ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးကို အလေးထားဆောင်ရွက်ပေးကြရန် နိုင်ငံတော် သမ္မတက တိုက်တွန်းပြောကြားသည်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေး အဆင့်မြှင့်တင်ရေးအတွက် ပြည် သူလူထုအားလုံး လက်လှမ်းမီနိုင်သည့် ကျန်း မာရေးစောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်အောင် တိုးမြှင့်လေ့ကျင့်မွေးထုတ် ပေးနိုင်ရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံ တော်အတွက် လိုအပ်နေသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်မွေး ထုတ်ပေးနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားပေးနေသည့် ဆေးတက္က သိုလ် ငါးခုနှင့် ၂၀၂၃ ခုနှစ်တွင် Naypyitaw State Academy၌ ဆေးပညာမဟာဌာနကြီး (Faculty of Medicine) ကို ထည့်သွင်းဖွင့် လှစ်ပေးနိုင်ခဲ့သဖြင့် ယခုဆိုပါက ဆေးတက္က သိုလ် ခြောက်ခုနှင့် ဆေးပညာနှီးနွှယ် တက္က သိုလ် ၁၁ ခု စုစုပေါင်း တက္ကသိုလ် ၁၇ ခု ရှိလာ ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြား သည်။

ကျန်းမာရေးစောင့်ရှောက်မှု၏ အရေး ကြီးသည့်အခန်းကဏ္ဍတွင် တာဝန်ထမ်း ဆောင်နေကြသည့် သူနာပြု၊ သားဖွားများ မွေး ထုတ်ပေးနေသည့် သူနာပြုနှင့် သားဖွားသင် တန်းကျောင်းများအနက် ၁၅ ကျောင်းကို ယနေ့တွင် သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့် တင် တိုးချဲ့ဖွင့်လှစ်ပေးခြင်းပင်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံ များသည် နိုင်ငံတော်၏ ကျန်းမာရေးစနစ် ဖွံ့ ဖြိုးတိုးတက်ရေးအတွက်သာမက အရည်အ ချင်းပြည့်ဝပြီး လူသားချင်းစာနာစိတ် အပြည့် ရှိသည့် သူနာပြုများ၊ သားဖွားပညာရှင်များ မွေးထုတ်ပေးနိုင်သည့် နိုင်ငံတော်၏ ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုး တက်ရေးတွင် အရေးပါသည့် ကျန်းမာရေး ပညာဗဟိုဌာနများဖြစ်လာပြီဟု ဆိုရမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အဓိကကျသည့် သူနာပြုနှင့် သားဖွားစွမ်းအားစုများကို မွေး ထုတ်ပေးလျက်ရှိရာ ၁၉၆၂ ခုနှစ်မှ ယနေ့ထိ သူနာပြု-သားဖွား ဒီပလိုမာရရှိသူ ၄၅၂၄၅ ဦး၊ သားဖွား ၄၂၅၂၄ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများအဖြစ် ပြည်သူလူထု ကျန်း မာရေးစောင့်ရှောက်မှုတာဝန်များကို ကျေပွန် စွာ ထမ်းဆောင်နေကြပြီဖြစ်ကြောင်း နိုင်ငံ တော်သမ္မတက ပြောကြားသည်။

ထို့အပြင် ပြည်သူတိုင်း ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီ အလွယ်တကူရရှိ စေရန် ရည်ရွယ်ပြီး ယခု ၂၀၂၆ ခုနှစ် ပညာ သင်နှစ်၌ သူနာပြုသိပ္ပံနှင့် သူနာပြုသင်တန်း ကျောင်းများတွင် သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်း ကျောင်းသား ကျောင်းသူ စု စုပေါင်း ၅၉၄၆ ဦးနှင့် သားဖွားသင်တန်း ကျောင်းများတွင် ဘက်စုံသားဖွားဒီပလိုမာနှစ် နှစ်သင်တန်း ကျောင်းသူ စုစုပေါင်း ၁၀၃၅ ဦး တို့ကို လေ့ကျင့်သင်ကြားပေးနေကြောင်း၊ နှစ် စဉ် သူနာပြုနှင့် သားဖွားများ တိုးမြှင့်မွေးထုတ် ပေးလျက်ရှိပြီး ၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် သူနာပြုသိပ္ပံများ အဆင့်မြှင့်တင်မှုနှင့်အတူ သူနာပြု - သားဖွား ဒီပလိုမာ သုံးနှစ်သင်တန်း အတွက် သစ်လွင်သင်တန်းသား သင်တန်းသူ ၂၉၀၀ နှင့် ဘက်စုံသားဖွား ဒီပလိုမာနှစ်နှစ် သင်တန်းအတွက် သင်တန်းသူ ၁၄၀၀ ထိ တိုးမြှင့်ခေါ်ယူ လေ့ကျင့်ပျိုးထောင်ပေးမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အရေအတွက် တိုးမြှင့်မွေးထုတ်ရုံသာမ က အရည်အသွေးပိုင်းတွင်လည်း မြန်မာနိုင်ငံ ၏ သူနာပြုနှင့် သားဖွားပညာရေးကို အရှေ့ တောင်အာရှနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင် သည့် အရည်အသွေးပြည့်ဝသည့် သူနာပြုနှင့် သားဖွားများ မွေးထုတ်ပေးနိုင်ရန် ရည်မှန်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတ ကာစံနှုန်းများနှင့်အညီ ရေးဆွဲထားသည့် ရ လဒ်အခြေပြု သင်ရိုးညွှန်းတမ်းများနှင့် လေ့ ကျင့်သင်ကြားမွေးထုတ်ပေးလျက်ရှိပြီး အမျိုး သားပညာရေးအဆင့် မူဘောင်အရ တက္က သိုလ်ဝင်တန်း အောင်မြင်ပြီးသူများသာ တက် ရောက်ရသည့် အဆင့်မြင့်ဒီပလိုမာသင်တန်း များဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ သူနာ ပြုနှင့် သားဖွားကောင်စီ၏ နိုင်ငံတကာသတ် မှတ်စံနှုန်း ရှစ်ခုပါဝင်သည့် သူနာပြုနှင့် သား ဖွားပညာရေးနှင့် လုပ်ငန်းအရည်အသွေး အာ မခံမှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းလည်းဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်း၊ ပြည် ပတက္ကသိုလ်များတွင် သူနာပြုပါရဂူဘွဲ့အဆင့် ထိ အဆင့်ဆင့်တက်လှမ်းသင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သော ကြောင့် သူနာပြုပညာရေး ဖွံ့ဖြိုးတိုးတက်လာ ရေးအတွက် သူနာပြုသင်တန်းကျောင်းများကို ယခုကဲ့သို့ သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့် တင်ပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။

ထို့အပြင် တစ်နိုင်ငံလုံးတစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်စေရေး နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးတွင်ရှိသည့် သူ နာပြုနှင့် သားဖွားသင်တန်းကျောင်း ၁၅ ကျောင်းကိုလည်း သူနာပြုသိပ္ပံများအဖြစ် ထိုက်တန်သည့် အဆင့်အတန်းကို အသိအ မှတ်ပြု ဖွင့်လှစ်ပေးခြင်း လည်းဖြစ်ပါကြောင်း၊ ထိုသို့ မြှင့်တင်ပေးလိုက်ခြင်းအားဖြင့် တိုင်းဒေ သကြီး၊ ပြည်နယ် ဒေသအလိုက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များကို ပိုမိုဖြည့်စွမ်းပေးနိုင်မည်လည် းဖြစ်ကြောင်း၊ ကျန်ရှိနေသည့် သူနာပြုနှင့် သားဖွား၊ နှီးနွှယ် သင်တန်းကျောင်း ၂၇ ကျောင်းကိုလည်း အစိုးရအဖွဲ့သစ် ရက် ၁၀၀ အတွင်း၌ပင် ဦး စားပေးအနေဖြင့် ဖွဲ့စည်းပုံ တိုးမြှင့်ပေးခဲ့ပြီးဖြစ် ကြောင်း၊ ယင်းသည်လည်း ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်းဖြစ်သကဲ့သို့ သူနာပြုနှင့် သားဖွား များကို အလေးထားဂုဏ်ပြုခြင်းဖြစ်ကြောင်း ကို၊ နိုင်ငံ၏ အနာဂတ်ကျန်းမာရေး လူ့စွမ်း အားအရင်းအမြစ်များဖြစ်ကြသည့် သူနာပြု နှင့် သားဖွားများ ပေါ်ထွက်လာစေရေး အခြေ ခံ ကာင်းကောင်းနှင့် စနစ်တကျလေ့ကျင့် ပျိုး ထောင်ပေးရန်နှင့် အမှန်တကယ် ပညာရည် ပြည့်ဝ၊ ထူးချွန်သည့်သူနာပြုနှင့် သားဖွားများ ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးကြရန် နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတွင် ကပ်ရောဂါ၊ သဘာဝဘေးအန္တ ရာယ်များနှင့် အရေးကြုံလာတိုင်း သူနာပြုနှင့် သားဖွားများသည် ရှေ့တန်းတိုက်စစ်မှူးများအနေဖြင့် မိမိတို့၏လုံခြုံရေးနှင့် အခက်အခဲ များကို ပဓာနမထားဘဲ ပြည်သူလူထု၏ အ သက်နှင့် ကျန်းမာရေးကို ကာကွယ်စောင့် ရှောက်ပေးခဲ့သည့် စွမ်းစွမ်းတမံ စွန့်လွှတ်စွန့် စား စွမ်းဆောင်ရည်များကိုလည်း လေးစား ဂုဏ်ယူပါကြောင်း၊ နိုင်ငံတကာအသိအမှတ်ပြု ဖလောရင့်နိုက်တင်ဂေးလ်ဆု ရရှိထားကြ သည့် မြန်မာနိုင်ငံမှ သူနာပြုနှင့်သားဖွား လေး ဦးကို ၂၀၂၃ ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့နှင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဋ္ဌကို ၂၀၂၅ ခုနှစ်တွင် သိပ္ပကျော်စွာဘွဲ့ချီးမြှင့်ပေးခဲ့ကြောင်း၊ ဂုဏ်ပြုထိုက်သည့် သူနာ ပြုနှင့် သားဖွားများအား စွမ်းဆောင်မှုဆိုင်ရာ အလိုက် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်တံ ဆိပ်များကို နှစ်စဉ်ထိုက်ထိုက်တန်တန် ချီးမြှင့် ပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ 

ထို့အပြင် နိုင်ငံ့ဝန်ထမ်းသူနာပြုများ ထမ်းဆောင်ရသည့်တာဝန်များနှင့် တိုးတက် လာသည့် သူနာပြုပညာရေးအပေါ် မူတည်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှစ၍ အခြားသော ကျွမ်းကျင်ပညာရှင် နိုင်ငံ့ဝန်ထမ်းများနှင့် တန်းတူ အသိအမှတ်ပြုချီးမြှင့်ပေးခြင်း၊ ရာထူး အဆင့်အလိုက် လစာတိုးမြှင့်ပေးခြင်း၊ ထပ် ဆောင်းချီးမြှင့်ငွေပေးအပ်ခြင်းတို့ကို ချီးမြှင့် ပေးထားကြောင်း၊ နိုင်ငံတော်အတွက် လိုအပ် နေသည့် “ကျန်းမာရေးစွမ်းအားစု အဆောက် အဦ” တောင့်တင်းခိုင်မာအောင် အုတ်မြစ်ချ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ကြီး ဌာနကိုလည်း အသိအမှတ်ပြုကြောင်း နိုင်ငံ တော်သမ္မတက ပြောကြားသည်။

အထူးမှာကြားလိုသည်မှာ သင်တန်းသား သင်တန်းသူများအနေဖြင့် သူနာပြုစုမှုနှင့် သားဖွားပညာရပ်များကို မိမိတို့ကိုယ်တိုင် အ မြဲတမ်းလေ့လာသင်ယူနေရန် လိုအပ်သကဲ့သို့ ပြင်ပဗဟုသုတနှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုး တက်စေမည့် စာကောင်းပေမွန်များကို စဉ် ဆက်မပြတ် လေ့လာဖတ်ရှုသွားကြရမည်ဖြစ် ကြောင်း၊ ထို့အပြင် သူနာပြုများ၏ လူသား ဆန်မှု၊ မေတ္တထားပြီး ပြုစုယုယမှုနှင့် သနား ကြင်နာမှု စသည်တို့သည် အခြားရုပ်ဝတ္ထုများ၊ စက်ပစ္စည်းများနှင့် အစားထိုးမရနိုင်သည့် “အနုပညာဆန်သော သူနာပြုစုမှုပညာရပ်” ဖြစ်သည်ကို မမေ့ကြရန် နိုင်ငံတော်သမ္မတက ပြောကြားသည်။

Most Read

Most Recent