စစ်ဒဏ်​ကြောင်း နှစ်နှစ်​ကျော်ကြာ ပိတ်ထားခဲ့ရ​သည့် သင်္ဃန်းညီနောင်အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်

စစ်ဒဏ်​ကြောင်း နှစ်နှစ်​ကျော်ကြာ ပိတ်ထားခဲ့ရ​သည့် သင်္ဃန်းညီနောင်အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်
Published 4 June 2026

ကရင်ပြည်နယ်မြဝတီ ​ဒေါန​တောင်​ကျော် အာရှလမ်းသစ်နှင့် သဃ်န်းညီ​နောင် တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း​ကြောင့် နှစ်နှစ်​ကျော်ကြာပိတ်ထားခဲ့ရ​သည့် မြဝတီမြို့နယ်သင်္ဃန်းညီနောင်အထက်တန်းကျောင်းဖွင့်ပွဲကို ၂၀၂၆ခုနှစ် ဇွန် ၃ ရက် နံနက်၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

​ဒေသတွင်း တည်ငြိမ်​အေးချမ်းစပြုလာသည်နှင့်အမျ အဘက်ဘက်ကယိုယွင်းခဲ့​သော အဆိုပါ​ကျောင်း​တော်အား ပြန်လည်ပြုပြင်ကာ ၂၀၂၆/ ၂၀၂၇ ပညာသင်နှစ် တွင် က​လေးငယ်များ ပညာဆည်းပူးသင်ယူနိုင်ရန် ပြုပြင် မှုများ ​ဆောင်ရွက်ခဲ့ခြင်း​ကြောင့် အချိန်မီဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သဃ်န်းညီ​နောင် အထက်တန်း​ကျော်ပညာသင်နှစ် ဖွင့်ပွဲအခမ်းအနားကို BGF တပ်နယ်( ၄ )တပ်မှူး ဦး​စောမုတ်သုန်၊မြဝတီ ခရိုင်ပညာ​ရေးမှူး ​ဦး​စောမုတ်သုန်နှင့် ရပ်မ်ိရပ်ဖ ဦးသန်းရွှေနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ကျောင်းဆောင်းအတွင်း လက်နက်ကြီးကျည်ကျပြီး ပျက်စီး​နေမှုများ၊လက်နက်ငယ်ကျဉ်​ပေါက်ဖြစ်​နေ​သော ​ခေါင်မိုးများ ၊မျက်နှာကြက်များ၊စာ​ရေးစားပွဲခုံများ နံရံများ ပြန်လည်ပြုပြင်ခြင်းနှင့် ဆိုလာစနစ် ဖြင့် လျှပ်စစ်မီးရရှိ​အောင် ​ဗိုလ်ချုပ်​စောချစ်သူနှင့် ဗိုမှူးချုပ်​စောမုတ်သုန်နှင့် ပညာ​ရေး​စေတနာရှင်များက လှူဒါန်းခဲ့ကြသည်။

၂၀၂၆ခုနှစ် ဇွန်လ(၁) ရက်နေ့သည် ၂၀၂၆/၂၀၂၇ ပညာသင်နှစ်၏ ကျောင်းဖွင့်ကာလအဖြစ် တနိုင်ငံလုံးအတိုင်းအတာဖြင့် သတ်မှတ်ထားပြီး အစိုးရ​ကျောင်းများ၊ကိုယ်ပိုင်​ကျောင်းများ ဖွင့်လှစ်ခဲ့ကြသည်။

မြဝတီသဃ်န်းညီ​နောင် အထက်တန်း​ကျောင်းတွင် ယခင်က ​ကျောင်းသား ဦး​ရေ ၁၀၀၀ ​ကျော်ထိ ပညာသင်ကြားခဲ့ကြ​သော်လည်းယခုနှစ် ​ကျောင်း ပြန်လည် စဖွင့်သည့်နှစ်တွင် ​ကျောင်းသူ​ကျောင်းသား ၂၀၀ ​ကျော်သာ ​ကျောင်းအပ်နှံ ကာ ပညာသင်ကြားလျက်ရှိ​ကြောင်းသိရသည်။

မြဝတီခရိုင်အတွင်းမှာတော့ ‌အစိုးရစာသင်ကျောင်းပေါင်း (၁၁၅)ကျောင်း ရှိသည့်အနက် (၇၆)ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်​ကြောင်း နောက်ထပ်တိုးချဲ့ဖွင့်လှစ်မည့် စာသင်ကျောင်းများလဲ ရှိနေကြောင်း မြို့နယ်ပညာရေးမှူး ဦးမိုးကျော် က ပြောသည်။

မြဝတီခရိုင်အတွင်း ပုဂ္ဂလိကကျောင်း (၇) ကျောင်းနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်း (၅) ကျောင်းကိုလဲ ယခုကျောင်းဖွင့်ရာသီတွင် တပြိုင်နက်ဖွင့်လှစ်သွားမည်ဖြစ်သလို ​ဒေသတွင်း စစ်​ရေးပဋိပက္ခ​ကြောင့် နှစ်နှင့်ချီ ပိတ်ထားခဲ့ရ​သော စာသင်​ကျောင်းများကိုလည်း ဖွင့်လှစ်နိုင်​အောင် ​ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကို​ရွှေသိန်း(မြဝတီ)

Most Read

Most Recent