ကယားပြည်နယ် ဘော်လခဲဒေသတွင် တိုက်ပွဲဝင်ခဲ့ကြသည့် လွိုင်လင်မြို့အခြေစိုက် အမှတ်(၁၂) ခြေလျင်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများ အား ကြိုဆိုဂုဏ်ပြုခဲ့သည်။
ယနေ့(မေ ၂၉ ရက်) မွန်းလွဲပိုင်းတွင် ကယားပြည်နယ် ဘော်လခဲဒေသတွင် တိုက်ပွဲဝင်ခဲ့ကြသည် လွိုင်လင်မြို့အခြေစိုက် အမှတ်(၁၂)ခြေလျင်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခေတ္တတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ထွန်းအောင်နှင့် ဇနီး၊ အမှတ်(၂)ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မင်းသိန်းကျော်နှင့် ဇနီး ဒေါ်မူချိုဦး၊ သက်ဆိုင်ရာတပ်နယ်မှ တာဝန်ရှိသူများ၊ လွိုင်လင်မြို့နယ်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ဒေသခံပြည်သူများ၊ အမှတ်(၁၂)ခြေလျင်တပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် အမှတ်(၁၂)ခြေလျင်တပ်ရင်းမှ အောင်ပွဲရစစ်ဆင်ရေးပြန် တပ်မတော်သားများ အား တာဝန်ရှိသူများက အောင်သပြေခက်များ၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခေတ္တတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ထွန်းအောင်နှင့် အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မင်းသိန်းကျော် တို့သည် ရှေ့တန်းပြန် အရာရှိ၊ စစ်သည်များ နေထိုင်ရန်အတွက် အိပ်ဆောင်များ ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ကယားပြည်နယ် ဘော်လခဲဒေသတွင် တိုက်ပွဲဝင်ခဲ့ကြသည် လွိုင်လင်မြို့အခြေစိုက် အမှတ်(၁၂) ခြေလျင်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများ အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခေတ္တတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ထွန်းအောင် က ကြိုဆိုဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ထို့နောက်တွင် အမှတ်(၁၂)ခြေလျင်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများ အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခေတ္တတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ထွန်းအောင် က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခေတ္တတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ထွန်းအောင်၊ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မင်းသိန်းကျော်နှင့် တာဝန်ရှိသူများသည် အမှတ်(၁၂)ခြေလျင်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာအား စားသုံးခဲ့ကြသည်။
လွိုင်လင်မြို့အခြေစိုက် အမှတ်(၁၂)ခြေလျင်တပ်ရင်းသည် ကယားပြည်နယ်၊ ဘော်လခဲဒေသတွင် ရည်မှန်းချက် စစ်ဆင်ရေးတာဝန်များကို သုံးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိတွေ့တိုက်ပွဲပေါင်း ၅၆ ကြိမ် ဖြစ်ပွါးခဲ့ပြီး ထိတွေ့တိုက်ပွဲများအတွင်း သောင်းကျန်းသူများထံမှ အလောင်း/လက်နက်များ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။















