■Eleven Media Group မှ အယ်ဒီတာချုပ် ဦးကျော်ဇောလင်းရေးသားခဲ့သည့် “ဦးမင်းဇင်နဲ့ တရုတ်နိုင်ငံအပေါ်  Eleven မီဒီယာရဲ့ သဘောထား”ဆောင်းပါးတွင်ပါရှိသော PPP ပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာသက်သက်ခိုင် နှင့် ပတ်သက်သည့် အချက်အလက် ပါဝင်ခဲ့မှုအပေါ် ဒေါက်တာသက်သက်ခိုင်ဘက်မှ Eleven Media Group သို့ ဆက်သွယ်လာမှုအရ အောက်ပါအတိုင်းပြန်လည်ရှင်းလင်းအပ်ပါသည်

■Eleven Media Group မှ အယ်ဒီတာချုပ် ဦးကျော်ဇောလင်းရေးသားခဲ့သည့် “ဦးမင်းဇင်နဲ့ တရုတ်နိုင်ငံအပေါ်  Eleven မီဒီယာရဲ့ သဘောထား”ဆောင်းပါးတွင်ပါရှိသော PPP ပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာသက်သက်ခိုင် နှင့် ပတ်သက်သည့် အချက်အလက် ပါဝင်ခဲ့မှုအပေါ် ဒေါက်တာသက်သက်ခိုင်ဘက်မှ Eleven Media Group သို့ ဆက်သွယ်လာမှုအရ အောက်ပါအတိုင်းပြန်လည်ရှင်းလင်းအပ်ပါသည်
Published 29 June 2026

ဇွန် ၂၆ ရက်တွင်ဖော်ပြခဲ့သည့် “ဦးမင်းဇင်နဲ့ တရုတ်နိုင်ငံအပေါ် Eleven မီဒီယာရဲ့ သဘောထားဆောင်းပါးပါ အချက်အလက်တစ်ခု၌ “ Myo Nandar အကောင့်ပိုင်ရှင်ဟာ ဒေါ်သက်သက်ခိုင် PPP ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်တုန်းက ဒေါ်သက်သက်ခိုင်ရဲ့ အကြံပေးတစ်ဦးဖြစ်ခဲ့တယ်လို့ နားလည်ရပြီး လက်ရှိမှာတော့ သူဘယ်ကရေးတယ် ဘာလုပ်တယ်ဆိုတာတော့ မသိပါဘူးဟု ရေးသားဖော်ပြခဲ့ပါသည်။ 

ထိုသို့ရေးသားမှုနှင့်ပတ်သက်၍ ဇွန် ၂၉ ရက်တွင် ဒေါက်တာသက်သက်ခိုင်ဘက်မှ Eleven Media Group သို့ ဆက်သွယ်ရှင်းလင်းမှုအရ ဒေါက်တာသက်သက်ခိုင်သည် PPP ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်အချိန်မှ ယနေ့အထိ Myo Nandar အကောင့်ပိုင်ရှင်အား မိမိကိုယ်ပိုင်အကြံပေးတစ်ဦး အနေဖြင့်လည်းကောင်း ပါတီ၏ အကြံပေးတစ်ဦး အနေဖြင့်လည်းကောင်း တစ်စုံတစ်ရာ ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်း လုံးဝ မရှိကြောင်း သိရှိရပါသည်။ 

အယ်ဒီတာချုပ်အနေဖြင့်လည်း ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း ဒေါက်တာဒေါ်သက်သက်ခိုင်၏ ခင်ပွန်းဖြစ်သူ ဒေါက်တာအောင်ကျော်ဝင်းနှင့်အဖွဲ့ Eleven Media Group သို့လာရောက်၍  ရွေးကောက်ပွဲဆိုင်ရာကိစ္စလာရောက် တွေ့ဆုံစကား‌ပြောခဲ့စဉ်က ဆက်သွယ်ပေးခဲ့သည့် Eleven Media Group နှင့် နှစ်ပေါင်းများစွာခင်မင်ခဲ့သော မိတ်ဆွေတစ်ဦးဖြစ်သည့် PPP ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမိုးကျော်စွာ (ယခုကွယ်လွန်) ၏ ပြောဆိုခဲ့မှုများအပေါ် နားလည်သိရှိထားမှုအရ ၎င်း၏ဆောင်းပါးတွင် Myo Nandar အကောင့်ပိုင်ရှင်သည် ဒေါက်တာသက်သက်ခိုင်အား အကြံပေးတစ်ဦးဖြစ်ခဲ့သည်ဟု နားလည်ရ ကြောင်း ဖော်ပြခဲ့ခြင်းသာဖြစ်ပါသည်။

အထက်ပါကဲ့သို့ ဒေါက်တာသက်သက်ခိုင်နှင့်ပတ်သက်၍ အချက်အလက်လွဲနေသည်ဟု ဆက်သွယ်ပြောကြား လာမှု၊ ဆောင်းပါးဖော်ပြပြီးချိန်တွင် Myo Nandar အကောင့်ပိုင်ရှင်မှလည်း ၎င်းသည် ဒေါ်သက်သက်ခိုင်အား တစ်ကြိမ်တစ်ခါမျှ ပတ်သက်အကြံပေးသူမဟုတ်ဘဲ ရိုးရိုးခင်မင်ကြသည့် အတန်းဖော်များသာဖြစ်ကြောင်း ပြန်လည်ရေးသားဖော်ပြခဲ့မှုများအရ  Eleven Media Group အနေဖြင့် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ Eleven Media Group ၏ Digital Platform အသီးသီးတွင် ဖော်ပြထားသည့်ဦးမင်းဇင်နဲ့ တရုတ်နိုင်ငံအပေါ် Eleven မီဒီယာရဲ့ သဘောထားဆောင်းပါးပါ ဒေါက်တာသက်သက်ခိုင်နှင့်ပတ်သက်သည့် အချက်အလက်ကို ဖယ်ရှားပြင်ဆင်ပြီးဖြစ်ကြောင်း သက်ဆိုင်သူများကို ပြန်လည်ရှင်းလင်း အသိပေးအပ်ပါသည်။ 

Eleven Media Group အယ်ဒီတာအဖွဲ့

Most Read

Most Recent