စာချုပ်သစ်ချုပ်ဆိုရန် လော်တာရိုမာတီနက်ဇ်နှင့် သဘောတူညီမှုရရှိခဲ့ပြီဟု အင်တာမီလန်ဥက္ကဋ္ဌ မာရော့တာ ပြောကြား

စာချုပ်သစ်ချုပ်ဆိုရန် လော်တာရိုမာတီနက်ဇ်နှင့် သဘောတူညီမှုရရှိခဲ့ပြီဟု အင်တာမီလန်ဥက္ကဋ္ဌ မာရော့တာ ပြောကြား
Photo : Getty Images
Photo : Getty Images
Published 22 July 2024

၂၀၂၃-၂၄ ရာသီ စီးရီးအေချန်ပီယံ အင်တာမီလန်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ မာရော့တာက အသင်း၏ကြယ်ပွင့်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အား စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

မာရော့တာက "လော်တာရို (မာတီနက်ဇ်)နဲ့ အားလုံးအဆင်ပြေပါတယ်။ လာမယ့်ရက်သတ္တပတ်အတွင်းမှာ စာချုပ်သစ်ကိစ္စအတွက် တရားဝင်ကြေညာသွားမှာပါ"ဟု ဆိုခဲ့သည်။

လော်တာရိုမာတီနက်ဇ် (၂၆ နှစ်)သည် ၂၀၁၈ ခုနှစ်တွင် အာဂျင်တီးနားကလပ် ရေးဆင်းအသင်းမှ အင်တာမီလန်အသင်းသို့ ယူရို (၂၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်း၏ အရေးပါသော အဓိက ကစားသမား ဖြစ်လာခဲ့သည်။

၎င်းအနေဖြင့် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် (၅၈)ပွဲကစား (၂၂)ဂိုး၊ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၈၂)ပွဲကစား (၁၂၉)ဂိုးသွင်းယူနိုင်ခဲ့သည်။

ပြီးခဲ့သည့် ရာသီအတွင်း စီးရီးအေပြိုင်ပွဲ၌ (၂၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့သည့် လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့်အတူ စီးရီးအေချန်ပီယံ (၂)ကြိမ် (၂၀၂၀-၂၁၊ ၂၀၂၃-၂၄)၊ ကိုပါအီတာလီယာဖလား (၂)ကြိမ် (၂၀၂၁-၂၂၊ ၂၀၂၂-၂၃)၊ အီတလီစူပါဖလား (၂)ကြိမ် (၂၀၂၁၊ ၂၀၂၂)ရယူနိုင်ခဲ့သည်။

အင်တာမီလန်အသင်းသည် ကွင်းလယ်လူ ဘာရယ်လာကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

Most Read

Most Recent