PSG တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်ကို ယူရိုသန်း(၁၀၀)ဝန်းကျင်ဖြင့် မန်ယူအသင်း ကမ်းလှမ်းရန်စီစဉ်နေပြီး ဆန်ချိုကို ရောင်းထုတ်ရန်လည်း နီးစပ်နေ

PSG တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်ကို ယူရိုသန်း(၁၀၀)ဝန်းကျင်ဖြင့် မန်ယူအသင်း ကမ်းလှမ်းရန်စီစဉ်နေပြီး ဆန်ချိုကို ရောင်းထုတ်ရန်လည်း နီးစပ်နေ
Photo: Getty Images
Photo: Getty Images
Published 23 July 2024

မန်ယူအသင်းသည် PSG အသင်းမှ နယ်သာလန်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်ကို ယူရိုသန်း(၁၀၀)ဝန်းကျင်jဖင့် ကမ်းလှမ်းရန် စီစဉ်နေပြီး ဆန်ချိုကို ပြန်လည်ရောင်းထုတ်ရန်လည်း နီးစပ်နေကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် သွက်သွက်လက်လက်လှုပ်ရှားလျက်ရှိပြီး ဘိုလော့ဂ်နာအသင်းမှ နယ်သာလန်တိုုက်စစ်ကစားသမား ဇက်ဇီနှင့် လိုင်လီအသင်းမှ ပြင်သစ်နောက်ခံလူ ယိုဟိုတို့ကို ခေါ်ယူထား ပြီးဖြစ်သည်။

ထို့ပြင် ခေါ်ယူရန် သဘောတူညီမှုရရှိထားသည့် ကစားသမားအချို့ရှိနေကြောင်းလည်း သတင်းထွက်နေသည်။

ယခုအခါ မန်ယူအသင်းသည် PSG အသင်းမှ နယ်သာလန်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေရာ ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)ဝန်းကျင် ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း မီဒီယာများက ဖော်ပြခဲ့ သည်။

ဇာဗီဆိုင်မွန်စ်(၂၁ နှစ်)သည် PSG အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီ၌ လိုက်ပ်ဇစ်အသင်းထံ အငှားချခဲ့ရာ ခြေစွမ်းပြနိုင်ခဲ့သည်။

ထို့ ပြင် ယူရို-၂၀၂၄ ပြိုင်ပွဲ၌လည်း ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ခေါ်ယူရန် စိတ်ဝင်စားနေသော အသင်းမျာစွာရှိနေခြင်းကြောင့် မန်ယူအသင်းက ယူရိုသန်း(၁၀၀)ဝန်းကျင်ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

PSG အသင်းကလည်း မန်ယူအသင်းမှ ကစားသမားများကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်နှင့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုတို့ကို အဓိကပစ်မှတ်ထားနေကြောင်း သိရသည်။

ထွက်ပေါ်နေသည့် သတင်းများအရ မန်ယူနည်းပြ တန်ဟက်ဂ် နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့သည့် ဆန်ချိုကို ခေါ်ယူနိုင်ရန် အလွန်နီးစပ်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် မန်ယူအသင်းသည် PSG အသင်းမှ ဇာဗီဆိုင်မွန်စ်နှင့် အူဂါတေတို့ကို ခေါ်ယူရန် ကြိုးပမ်းနေပြီး PSG အသင်းကလည်း မန်ယူအသင်းမှ ဘရူနိုဖာနန်ဒက်စ်နှင့် ဆန်ချိုတို့ကို ခေါ်ယူရန် ကြိုးပမ်းနေခြင်းကြောင့် အဆိုပါကစားသမားများ၏ အပြန်အလှန်အပြောင်းအရွှေ့များ ဖြစ်ပေါ်လာဖွယ်ရှိကြောင်းလည်း နီးစပ်သူများက သုံးသပ်နေကြသည်။

မန်ယူအသင်းသည် ဇူလိုင်လအတွင်း အပြောင်းအရွှေ့လှုပ်ရှားမှုများကို အပြီးသတ်နိုင်ရန် ပစ်မှတ်ထားကြိုးပမ်းနေကြောင်းလည်း သိရသည်။

 

Most Read

Most Recent