ပဲခူးမြို့ရေကြီးမှု တစ်ပတ်နီးပါးအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လေးဦး သေဆုံးခဲ့ပြီး ပဲခူးမြစ်ရေ အနည်းငယ်ပြန်ကျလာ

ပဲခူးမြို့ရေကြီးမှု တစ်ပတ်နီးပါးအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လေးဦး သေဆုံးခဲ့ပြီး ပဲခူးမြစ်ရေ အနည်းငယ်ပြန်ကျလာ
Published 1 August 2024

ပဲခူးမြို့ရေကြီးမှု တစ်ပတ်နီးပါးကာလ အတွင်း ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လေးဦး သေဆုံးခဲ့ပြီး ပဲခူးမြစ်ရေ အနည်းငယ်ပြန်ကျလာကြောင်း ပဲခူးမြို့ဒေ သခံ အချို့နှင့် လူမှုကူညီရေးအသင်းအချို့ထံမှ သိရသည်။

ဇူလိုင် ၂၆ ရက်မှ စတင်ကာ မိုးရွာသွန်းမှု များလာပြီး ပဲခူးမြို့လယ်ကို ဖြတ်သန်းစီးဆင်း နေသည့် ပဲခူးမြစ်ရေ မြင့်တက်လာခဲ့ပြီး ရေ ကြီးရေလျှံမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

တစ်ပတ်နီးပါးကာလအတွင်း ရေကြီးရေ လျှံမှုကြောင့် သေဆုံးသူများတွင် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ဓာတ်လိုက်မှုကြောင့် ဆယ် ကျော်သက်အရွယ် ကျောင်းသားတစ်ဦးနှင့် လူလတ်ပိုင်းအရွယ်သေဆုံးမှုများ ဖြစ်ပွားခဲ့ သည်ဟု သိရသည်။

ရှစ်နှစ်အရွယ် ကလေးငယ်သည် ဆော့ ကစားနေစဉ် မြောင်းပေါက်ထဲသို့ ပြုတ်ကျပြီး ရေစီးနှင့်အတူ မျောပါသေဆုံးခဲ့ခြင်းဖြစ်ပြီး ဓာတ်လိုက်သေဆုံးခဲ့သည့် ဆယ်ကျော်သက် အရွယ်ကျောင်းသားသည် စက်ဘီးစီးလာစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

“ကလေးလေးရော ကျောင်းသားလေး ရော တစ်ရက်တည်း ဆုံးတာပါ။ ကျောင်းသား က ဖုန်းအားသွင်းထားတာ သွားယူပြီး စက်ဘီး နဲ့ ပြန်လာတာပါ။ အဲဒီနားမှာ ရေကနည်း နည်းလေးပဲရှိတယ်။ အထက (၁) ကျောင်းရှေ့ နားမှာ ဓာတ်လိုက်ခံရတာပါ” ဟု ပဲခူးမြို့ခံ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ပဲခူးမြို့ပေါ်ရပ်ကွက်တွင် လူလတ် ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ပဲခူးတိုင်း အနောက်ခြမ်းတွင်လည်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

အလားတူ ပဲခူးမြို့တွင် ရေကြီးရေလျှံမှု ကြောင့် ကျောင်းအချို့ကို ယာယီပိတ်ထားရပြီး ရေပြန်ကျချိန်တွင် ပိတ်ထားခဲ့ရသည့်ရက်များ အတွက် အစားထိုး ပြန်လည်ဖွင့်လှစ်ရန် ပဲခူး တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

ရေကြီးခဲ့သည့်နေရာအချို့မှာ ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း၊ ပင်စည်ရပ်ကွက် အတွင်း ကားလမ်းရေကျော်ခြင်း၊ ဘောနတ် ကြီးကျေးရွာအနီး (၃၉)မိုင် စစ်ဆေးရေးဂိတ် အနီး ရေဝင်ရောက်နေမှုနှင့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဘုရားကြီးမြို့နှင့် ပဲခူးမြို့သွားကားလမ်း ရေကျော်နေခြင်းနှင့် ပဲခူးရပ်ကွက်အချို့၊ ဇိုင်းဂနိုင်ဘက်တို့ဖြစ် ကြောင်း သိရသည်။

“ရေကနည်းနည်းတော့ ပြန်ကျနေပြီ။ မိုးထပ်မရွာပါစေနဲ့ပဲ ဆုတောင်းရမယ်” ဟု ပဲခူးမြို့ပေါ်နေထိုင်သူတစ်ဦးက ဆိုသည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ပဲခူးမြစ် ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက် သုံးပေကျော်တွင် ရောက်ရှိနေပြီး လာမည့်တစ် ရက်အတွင်း တစ်ပေခန့်ကျဆင်းနိုင်ကြောင်း သိရသည်။

မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း သြဂုတ် ၃ ရက်တွင် ပဲခူး မြစ်ရေသည် စိုးရိမ်ရေမှတ်အောက်ပြန်ကျနိုင် သည်ဟု ခန့်မှန်းထားသည်။

Most Read

Most Recent