ပြည်ပနိုင်ငံအချို့က လက်နက်ကိုင်များနှင့်အဖွဲ့အစည်းများကို လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးဝါး၊ အစားအသောက်၊ နည်းပညာနှင့် အုပ်ချုပ်မှု အခွင့်အလမ်းများ ရရှိအောင် ထောက်ပံ့နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ပြည်ပနိုင်ငံအချို့က လက်နက်ကိုင်များနှင့်အဖွဲ့အစည်းများကို လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးဝါး၊ အစားအသောက်၊ နည်းပညာနှင့် အုပ်ချုပ်မှု အခွင့်အလမ်းများ ရရှိအောင် ထောက်ပံ့နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)
နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)
Published 1 August 2024

 

ပြည်ပနိုင်ငံအချို့က လက်နက်ကိုင်များနှင့်အဖွဲ့အစည်းများကို လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးဝါး၊ အစားအသောက်၊ နည်းပညာနှင့် အုပ်ချုပ်မှု အခွင့်အလမ်းများ ရရှိအောင် ထောက်ပံ့နေဟု နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)တွင် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က 

ပြောကြားခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ် ၎င်းတို့လိုချင်သည့် လက္ခဏာမျိုးရရှိစေရန် ပြည်ပနိုင်ငံအချို့သည် လက်နက်ကိုင်များနှင့် အဖွဲ့အစည်းများကို ငွေကြေး၊ လက်နက်ခဲယမ်းနှင့် နည်းပညာများ ကူညီပေးလျက်ရှိကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)တွင် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ် ၎င်းတို့လိုချင်သည့် လက္ခဏာမျိုးရရှိစေရန် ပြည်ပနိုင်ငံအချို့သည် လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထားကွဲလွဲသူများမှ အကြမ်းဖက်လမ်းစဉ် ဆောင်ရွက်နေ ကြသည့် အဖွဲ့အစည်းများကို ငွေကြေး၊ အစားအသောက်၊ ဆေးဝါး၊ လက်နက်ခဲယမ်းမီးကျောက်၊ နည်းပညာများနှင့် အုပ်ချုပ်ထောက်ပံ့မှုအခွင့်အလမ်း များရရှိစေရန် လုပ်ဆောင်လျက်ရှိပြီး မီဒီယာများကိုလည်း စိတ်ဓာတ်စစ်ဆင်ရေးလုပ်နိုင်စေရန် ကူညီပေးလျက်ရှိကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

မိမိတို့အနေဖြင့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကို Union Accord အဖြစ် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီးလည်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ငြိမ်းချမ်းရေးကို မလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အနြေဖင့်လည်း လက်နက်ကိုင်လမ်းစဉ်ကိုအခြေခံပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ပြုလုပ်နေကြောင်း၊ မိမိအနြေဖင့် EAO အဖွဲ့များကို ခေါ်ယူတွေ့ဆုံခဲ့ရာတွင် ၎င်းတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံသဘောတူကြောင်းကို ပြောကြားခဲ့သော်လည်း လက်ရှိအချိန်တွင် အချို့ EAO များအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ချိုးဖောက်နေသည်ကို တွေ့ရှိရကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ မိမိအနေဖြင့် ယခင်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ပြီး နိုင်ငံတော်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း သောင်းကျန်းသူများအနေဖြင့် နိုင်ငံရေးကိစ္စကိုအကြောင်းပြပြီး လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်း များနှင့် ဖြေရှင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်ထောင်စုနှင့်အတူ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေး ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA အဖွဲ့နှင့် TNLA အဖွဲ့တို့က ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်သဘောတူထားသည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ပြီး တိုက်ပွဲများ ဖော်ဆောင်လာခဲ့ကြောင်း၊ MNDAA အဖွဲအနေဖြင့် လားရှိးဒေသတစ်ဝိုက်ရှိ နယ်မြေလုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့သကဲ့သို လားရှိးမြို့အတွင်းကိုလည်း ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊  ၎င်းတို့နှင့် မဟာမိတ်ပြုလုပ်ထားသည့် TNLA အဖွဲအနေဖြင့်လည်း PDF အဖွဲ့များနှင့် ပူးပေါင်းပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်ဒေသတို့တွင်ရှိသည့် နယ်မြေလုံခြုံရေးစခန်းများနှင့် မြို့အချို့အတွင်းသို့ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်အနေဖြင့် လားရှိး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသစီမံခန့်ခွဲရေး ကိစ္စရပ်များသည် နှစ်နိုင်ငံအစိုးရများမှ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နယ်စပ် ကုန်သွယ်ရေးကို နှစ်ဖက်အစိုးရ ဌာနများကသာ ကြီးကြပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အချို့နယ်စပ်ဒေသ များတွင် စီမံခန့်ခွဲမှုများ ချို့ယွင်းမှုဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပုံမှန်အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent